စိုက်လောင်ရှီးက အနောက်ကနေပြောလာခဲ့တယ် "သူကမျက်စိဖမ်းစားနိုင်လွန်းပြီး အရမ်းနှစ်သက်ခံရတယ်လို့ ခံစားမိတယ်မလား?"

ရှန်ရှင်းဆွေ့အသိပြန်ကပ်သွားရပြီး ဘေးနားမှာရပ်နေတဲ့ စိုက်လောင်ရှီးကို ကြည့်လိုက်တယ်။ သူအနည်းငယ်ရှက်ရွံ့နေပေမဲ့ ခေါင်းညိတ်ပြလိုက်ဆဲဖြစ်တယ်။

စိုက်လောင်ရှီးက ပြုံးစစနဲ့ပြောလာတယ် "ဒါပေမဲ့ အမှန်တိုင်းပြောရရင်လေ ဒီနှစ်တွေမှာ မင်းကသူခေါ်လာပြီး ငါတို့နဲ့မိတ်ဆက်ပေးခဲ့တဲ့ ပထမဦးဆုံးလူပဲ တခြားအချိန်တွေဆိုရင် ကုမ္ပဏီကလူသစ်ဆိုရင်တောင် သူခေါ်မလာခဲ့ဖူးဘူး သူ့ရဲ့ကျော်ကြားမှုကအရမ်းမြင့်တယ်ဆိုပေမဲ့ ဒီနှစ်တွေမှာ အလုပ်လုပ်လိုက် ရှင်သန်လိုက်နဲ့ပဲဖြတ်သန်းနေခဲ့တာ သူ့ဘေးမှာလည်းဘယ်သူမှရှိမနေခဲ့ဘူး"

ရှန်ရှင်းဆွေ့ စိုက်လောင်ရှီးရဲ့စကားကိုကြားတော့ နည်းနည်းစိတ်ပျံ့သွားရတယ်။

သူ့စိတ်ထဲနည်းနည်းရှက်သွားရတယ်။ သူကဖုကျင်းရှောင်းအတွက် တမူထူးခြားနေတယ်လို့ စိုက်လောင်ရှီးကထင်နေတာဖြစ်မယ်။ ဒါပေမဲ့ အဲတာကအမှန်မဟုတ်ဘူးဆိုတာ သူပဲသိတယ်။ ရှန်မိသားစုနဲ့ဆက်ဆံရေးကြောင့်၊ မားမားရဲ့တိုက်တွန်းမှုကြောင့်သာ ဖုလောင်ရှီးက သူ့ကိုပိုပြီးဂရုစိုက်ပေးနေတာ။ တကယ်လို့ ဒီအရာတွေအားလုံးကိုသာ ဖယ်လိုက်မယ်ဆိုရင် ဖုကျင်းရှောင်းအတွက်ပြောရရင် သူကသာမန်ဖြတ်သွားဖြတ်လာတစ်ယောက်အပြင် မပိုလောက်ဘူး။

စိုက်လောင်ရှီးကတော့ သူ့စိတ်ထဲတွေးနေတာတွေကိုမသိဘဲ နွေးထွေးစွာပြောလာခဲ့တယ် "ဆွေ့ဆွေ့ ဒီနေ့မင်းနဲ့သိကျွမ်းခွင့်ရတာဝမ်းသာပါတယ် သူ့အတွက်လည်းဝမ်းသာမိတယ်"

ရှန်ရှင်းဆွေ့အံ့သြသွားရတယ်။

"သူအရမ်းအားကြီးသန်မာနေတာကိုပဲမမြင်နဲ့" စိုက်လောင်ရှီးက သူ့ပုခုံးကိုပုတ်ကာပြောလာတယ် "အဲဒီကလေးက ဒီလောက်နှစ်တွေအကြာကြီးမှာ လှပတောက်ပြောင်နေခဲ့ပေမဲ့ တကယ်တော့လည်း မလွယ်လှဘူး"

ရှန်ရှင်းဆွေ့ ဘာကြောင့်မှန်းမသိ စိုက်လောင်ရှီးစကားတွေကနေ စိတ်မကောင်းဖြစ်နေတဲ့ခံစားချက်မျိုးရလိုက်မိတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now