ရှန်ရှင်းချန် သူgymဆော့နေတဲ့ပုံတစ်ပုံတင်ထားတာဖြစ်တယ်။ ပုံထဲမှာသူကပြေးနေတာဖြစ်ပြီး တွဲတင်ထားတဲ့စာက : "ကျွန်တော်တစ်လျှောက်လုံးကြိုးစားနေတာ"

အင်တာနက်သုံးစွဲသူတွေ ပို့စ်ကိုနှိပ်လိုက်ချိန်မှာတော့ ကျော်ကြားတဲ့မှတ်ချက်တွေထဲက ထိပ်ဆုံးမှာရောက်နေတဲ့မှတ်ချက်တစ်ခုက ရှန်ရှင်းချန်ကိုယ့်ကိုယ်ကိုယ် replyပြန်ထားတာဖြစ်တယ် "မင်းတို့ကိုလိမ်တာ တကယ်တော့ငါပြေးနေတာနှစ်မိနစ်ပဲရှိသေးတယ် ဟားဟားဟားဟားဟား!"

ဒါကသူလုပ်နေကြဖြစ်တဲ့ ErHaပုံစံပဲဖြစ်တယ်။

[ErHaပုံစံဆိုတာက ဟက်စကီးတွေရဲ့တစ်ချို့အမူအရာတွေလို ရယ်စရာကောင်းတဲ့ပုံစံမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။]

ပြီးတော့ဒီနေ့ ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တယ်။ တခြားကြောင့်မဟုတ်ဘဲ ဒီပို့စ်ကအန်းရန်နဲ့ထူးထူးခြားခြားချိတ်ဆက်နေတာကြောင့်ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့အထေ့အငေါ့စွမ်းရည်ကလည်း maxပဲ။ အန်းရန်ကမင်းကြိုးစားနေတယ်လို့ပြောတယ်။ ငါကငါဟန်ဆောင်နေတာလို့ပြောတယ်။ ငါကမင်းကိုပြောတာမဟုတ်ဘူးလေ။ ဒါပေမဲ့ငါ့သဘောထားကတော့ ပြောနေတာကမင်းကိုပဲ။

အင်တာနက်သုံးစွဲသူတွေကတော့ အမှန်တကယ်ကိုအူမြူးနေကြပြီဖြစ်တယ် :

"ဟားဟားဟား တကယ်ကိုပဲ ဖရဲသီးစားတာက သခင်လေးဆီမှာစားရတာ ပိုနားလည်တယ်"

"ဒီအနုပညာလောကကတော့ သခင်လေးဆီကနေ နားလည်အောင်အလုပ်ခံနေရပြီ"

"သူတို့တွေအပြန်အလှန်ရန်ဖြစ်နေကြတာကို ငါအကြိုက်ဆုံးပဲ"

"သခင်လေးကအမှန်တကယ် တိတိကိုကာကွယ်ပေးနေတယ် ကျန်ကျစ်ကတော့ တိတိကာကွယ်ပေးတာကို အားကိုးနေတယ်"

"သူတို့တွေပွဲဦးထွက်သွားကြတာအရမ်းကောင်းတာပဲ သူတို့ပွဲဦးထွက်ပြီးကတည်းက ငါဖရဲသီးတွေမရပ်မနားစားနေရတာ"

ရှန်မိသားစု

ရှန်ရှင်းဆွေ့အခုပဲ အိမ်ပြန်ရောက်လို့သန့်စင်ဆေးကြောပြီးတာဖြစ်တယ်။ ထို့နောက်Weiboက hot searchတွေကိုတွေ့လိုက်ရလေတယ်။ အခုချိန်မှာအပေါ်ရောက်နေတာသုံးခုရှိပြီး အကုန်လုံးကလည်းtrendingဖြစ်နေကြတယ် :

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီNơi câu chuyện tồn tại. Hãy khám phá bây giờ