Part - 49 (Final)

Start from the beginning
                                        

"ရေတွေစိုကုန်ပြီ ပြန်တက်တော့မယ်"

"ဟော်~~ပင်လယ်ကိုလာပါတယ်ဆိုမှ
ရေမစိုလို့ဘာစိုချင်တာတုန်း ငယ်"

အင်္ကျီတွေရေစိုကုန်တာကိုကြည့်ပြီး နှမြောတသဖြစ်နေပြန်သတဲ့...။ ရေစိုနေတဲ့ခန္တာကိုယ်လေးကို သတိပြုမိသွားတာကြောင့် တစ်ချက်ငေးကြည့်မိတော့ ငယ်ကချက်ချင်း ရင်ဘတ်ပေါ်လက်လေးအုပ်တင်ကာ ဂျောင်ကုရှေ့က ထပြေးဖို့ပြင်တော့သည်...။ မကြည်ဖြူပါဘူးဆိုမှ ကိုယ်ကလည်း ပွင့်ချပ်ကလေးတွေကို မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်...။

"မောင်~~ဖယ်လို့"

မရပါဘူးနော်...။ ဂျောင်ကုကို ဒီလိုလုပ်လို့ရမတဲ့လား...။ ခါးသိမ်သိမ်ကလေးကို နောက်ကနေဆွဲဖက်ကာ သောင်ပြင်ပေါ်လှဲချရင်း နမ်းမဝတဲ့မျက်နှာလေးထက် ကိုယ့်အနမ်းတွေဖြန့်ကျဲမိတော့ ပင်လယ်ကရှက်လို့ထင်၏ ဂျောင်ကုတို့ပေါ် လှိုင်းလုံးလေးတွေနှင့်ဖုံးပစ်သည်...။

အင်္ကျီအဖြူလေးတစ်ခုလုံး သဲတွေပေကုန်တာဖြစ်ပြီး မျက်နှာလေးထက်မှာပါမကျန်...။ အုပ်မိုးကာအကြည့်ရိုင်းတွေ ဆက်တိုက်ပို့မိတော့ နှုတ်ခမ်းလေးကိုက်ကာ တစ်ဖက်သို့စောင်းငဲ့သွားပြန်သည်...။

"ဟင့်အင်း !"

တဖြည်းဖြည်း လည်တိုင်ရှိရာဆီနီးကပ်လို့လာသည့် မောင့်မျက်နှာကြောင့် ထယ်ယောင်းကိုအုပ်မိုးထားတဲ့ မောင့်ကိုယ်ကြီးကို တွန်းထုတ်ကာ ပြေးထွက်ဖို့ပြင်လိုက်ပေမယ့်~~

"အို ! ~~မောင် !"

ထယ်ယောင်းခန္တာကိုယ်တစ်ခုလုံး မောင့်ပခုံးထက် ထမ်းတင်ခံလိုက်ရတာဖြစ်ပြီး ဆွဲပွေ့ကာခေါ်ယူခြင်းခံလိုက်ရသည့်နေရာက ဘန်ဂလိုတဲတွေရှိတဲ့နေရာဆီသို့~~

အခန်းထဲရောက်တာနှင့် မောင်က ထယ်ယောင်းကိုချပေးကာ ခါးကိုတင်းကြပ်စွာဆွဲပွေ့ရင်း မောင့်နှုတ်ခမ်းတွေက ထယ်ယောင်းနှုတ်ခမ်းတွေဆီ ဦးတည်တိုက်ခိုက်တော့တာဖြစ်သည်...။ အတင်းစုပ်ယူနေတာဖြစ်ပြီး တစ်စက်လေးမှလွှတ်ပေးမည့်ပုံမပေါ်...။ နှုတ်ခမ်းတစ်ခုလုံးဖိစုပ်နေရာမှ လျှာဖြင့်လျက်ကာ အတွင်းထဲအတင်းတိုးဝင်လာပြီး ထယ်ယောင်းရဲ့လျှာကိုပါ စုပ်ယူနေ၏...။ မောဟိုက်နေသည့်ကြားမှ မောင့်ရဲ့မွတ်သိပ်တဲ့အနမ်းတွေကြောင့် ထယ်ယောင်း ရပ်ထားတဲ့ခြေပင်မခိုင်ချင်တော့...။

~~STRING~~ (Completed)Where stories live. Discover now