Part - 10

9.1K 483 61
                                        

(Unicode)

*Darling နဲ့ Darling ယောကျ်ားအတွက်
အထူးစပါယ်ရှယ် မင်္ဂလာလက်ဖွဲ့တဲ့*

ပါးစပ်ကနေအသံထွက်ကာ ဖတ်ပြီးနောက်မှာတော့ ထယ်ယောင်း မျက်ခုံးလေးတစ်ချက် ပင့်တင်မိသည်အထိ...။ Darling လို့ခေါ်ပုံအရ ဒီအမျိုးသမီးလေးဟာ  ဂျွန့်ရဲ့‌ချစ်သူကောင်မလေးပဲ ဖြစ်ပါလိမ့်မည်...။

ပါဆယ်ဘူးလေးအား ဧည့်ခန်းစားပွဲထက် အသာလေးချကာ ပစ္စည်းတွေအပေါ်သို့သယ်ရသည်...။ မင်္ဂလာလက်ဖွဲ့ပစ္စည်းဆိုသော်ငြား ထယ်ယောင်းမဖောက်ရဲပါဘူး...။ ဂျွန်ပြန်လာမှ ဂျွန့်ကိုပြပြီး ဖောက်ကြည့်တာပဲကောင်းသည်...။

ထယ်ယောင်းလည်း အိမ်ရှေ့တံခါးမကြီးအားပိတ်လျှက် သားအားဧည့်ခန်းထဲမှာ ခ‌ဏသိပ်ထားရသည်...။ မင်္ဂလာဦးအခန်းရဲ့တစ်ဖက်မှာတော့ ဧည့်သည်လာရင်တည်းဖို့ အခန်းလေးဖွဲ့ထားပေးသည်...။

ကုတင်တစ်လုံးအပိုရှိသည့်အပြင် အိပ်ယာ၊ စောင်ကအစ အဆင်သင့်...။ သားနဲ့နှစ်ယောက်နေရမှာဖြစ်တာကြောင့် အခန်းကိုသေချာရှင်းရမည်...။

တစ်ယောက်အိပ်အခန်းလို့မဆိုသာရအောင် ရေချိုးခန်း၊ အိမ်သာကအစ အခန်းလေးနဲ့ တွဲထားပေးသည်...။ မနက်ကဝယ်ခဲ့တဲ့ ကလေးကုတင်လေးကိုနေရာချကာ ပါလာသမျှကို နေရာလိုက်ချရသည်...။ အိမ်အသစ်ပေမို့ သိပ်ရှင်းစရာမလို...။

lemon air fresh ဘူးလေးအား ကုတင်ခေါင်းရင်းဘက်တွင် ထောင်ထားလိုက်သည်...။ အခန်းအသစ်ဆိုတော့ ဆေးနံ့တွေကခုထိမပြယ်သေး...။

ကလေးအင်္ကျီတွေအပြင် ထယ်ယောင်းရဲ့အင်္ကျီတွေကိုပါ အိတ်ထဲကထုတ်ကာ ဘီရိုထဲ ဂျိတ်ကလေးတွေနဲ့သေချာလိုက်ချိတ်သည်...။ သားဆော့နေကျ အရုပ်လေးတွေက မေမေတို့အိမ်မှာကျန်ခဲ့တာကြောင့် နောက်နေ့မှပဲ shopping တစ်ခေါက်ထပ်ထွက်ပြီး လိုက်ဝယ်ပေးပါဦးမည်...။

အားလုံးပြင်ဆင်လို့ပြီးတဲ့အချိန်ဟာ ညနေလေးနာရီထိုးဖို့ ဆယ်ငါးမိနစ်...။ အခုချိန်ထိ ညစာအတွက်ဘာမှမပြင်ဆင်ရသေး...။ မနက်ကဝယ်ခဲ့တဲ့ မီးဖိုချောင်သုံးဟင်းချက်စရာပစ္စည်းမှန်သမျှကို kitchen ထဲပစ်ထားခဲ့ပြီး အခန်းရှင်းနေမိတာ...။ အမဲသားတွေဝယ်ခဲ့တာကြောင့် ပုတ်သိုးသွားမှာလည်း ကြောက်ရသေးသည်...။

~~STRING~~ (Completed)Where stories live. Discover now