(Unicode)
"ခင်ဗျားဘယ်သူလဲ !"
ဂျောင်ကုရဲ့စကားသံအဆုံးမှာ ညှိုးရော်သွားတဲ့ ထိုသူ့ရဲ့မျက်နှာကြောင့် သနားစိတ်လေးဝင်ရပြန်သည်...။ သူဆေးရုံမှာပထမဦးဆုံး စပြီးသတိရတဲ့နေ့က မေမေလည်း ဒီလိုဖြစ်ခဲ့ရတာပဲ...။ ဂျောင်ကုရှေ့မှာ ငိုလိုက်တာမှ...။
အခုနောက်ထပ်သူစိမ်းတ
စ်ယောက်က သူ့ကြောင့်နဲ့ စိတ်ထိခိုက်နာကျင်ရပြန်ပြီ...။ သူစိမ်း~~ သူတို့ပတ်သတ်မှုက သူစိမ်းတွေလား...။ ထိုသူက ဂျောင်ကုကို 'မောင်'တဲ့လေ...။
ကိုယ့်ကိုငေးကြည့်နေတဲ့ မျက်ဝန်းညိုညိုတွေထဲ သတိရမှုနဲ့ လွမ်းဆွတ်မှုကအတိုင်းသား ပေါ်လွင်လွန်းလှသည်...။ ကျလုဆဲဆဲမျက်ရည်တို့အား မျက်တောင်ဖျားတွေဖြင့် ပုတ်ခတ်ကာသိမ်းဆည်းရင်း ခေါင်းကိုငုံ့ချလိုက်တဲ့ သူ့အပြုအမူကြောင့် ဂျောင်ကုရင်ဘတ်ထဲ အောင့်မျက်သွားရတဲ့အထိ...။
သူဘာဖြစ်နေပြန်တာလဲ...။ ထိုသူ့မျက်နှာကိုမြင်လိုက်ရချိန်ထဲက သူ့ရင်ဘတ်ထဲအမျိုးအမည်မသိတဲ့ ခံစားချက်ကြီးက ကြီးစိုးနေခဲ့တာ...။ ပြန်စဉ်းစားလိုက်တဲ့ အတိတ်ရဲ့ပုံရိပ်တွေဟာ လေဟာနယ်ထဲ လွင့်ပါးသွားတဲတိမ်တစ်စလို...။ အရာရာဟာ ဖရိုဖရဲနိုင်လှလျှက်~~။
"ဟို~~ကျွန်တော်! ကျွန်တော် ခင်ဗျားကိုမမှတ်မိနိုင်တော့တဲ့အတွက် စိတ်မကောင်းပါဘူး"
မမှတ်မိတော့ဘူးတဲ့လား...။ ထယ်ယောင်းတို့ ပတ်သတ်ခဲ့ဖူးတဲ့အတိတ်တွေက အလကားဖြစ်သွားပြီလား...။ မေမေက မောင်သတိရနေကြောင်း ပြောပြတဲ့အချိန်ဟာ သမီးကိုမွေးပြီးတစ်နှစ်ပြည့်တဲ့နေ့မှာ...။ ဒီကြားထဲ မောင်ပြန်လာမယ့်ရက်ကို နေ့တိုင်းထယ်ယောင်းစောင့်မျှော်ခဲ့ပေမယ့် သမီးလေးနှစ်နှစ်ပြည့်ခါနီးမှာမှ ထယ်ယောင်းတို့သားအဖဆီ ပြန်လာနိုင်ခဲ့တယ်...။ ဒါကလည်း မောင့်ဖေဖေရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဆိုတာ ထယ်ယောင်းရိပ်မိပါတယ်....။
ဒါပေမယ့်အကြောင်းစုံအမှန်တိုင်းကို မေမေက ဘာလို့ဖွင့်မပြောခဲ့ရတာလဲ...။ ဖွင့်ပြောပြခဲ့ရင် ထယ်ယောင်းဒီလောက်အထိ ခံစားရမှာမဟုတ်ဘူး...။ ဘာလို့များဒီလောက်ထိ ထယ်ယောင်းကိုမှ နာကျင်စေချင်ကြရသလဲ မတွေးတတ်တော့ဘူး...။
KAMU SEDANG MEMBACA
~~STRING~~ (Completed)
Romansaအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
