Part - 9

8.1K 461 46
                                        

(Unicode)

ညက ဆိုဖာပေါ်မှာအိပ်လိုက်ရတာကြောင့် ထယ်ယောင်းကိုယ်လက်တွေ အနည်းငယ်ကိုက်နေသည်...။ မေမေတို့အိမ်မှာဆိုရင် မနက်၆နာရီခွဲဆို အကုန်လုံးနိုးပြီး မနက်၇နာရီဆိုတာနဲ့ breakfast ဝိုင်းမှာလူစုံနေကြပြီ...။

အခုတော့ သည်အိမ်ကြီးထဲမှာ ထယ်ယောင်းတစ်ယောက်တည်း အဖော်မဲ့တိတ်ဆိတ်လျက်...။ ဂျွန်ကတော့ မူးထားတဲ့အရှိန်ကြောင့် အိပ်ယာက‌ ထသေးမယ့်ပုံမပေါ်...။

ထယ်ယောင်းလည်း တစ်ဖက်အခန်းထဲက ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ်ပြီးနောက်မှာတော့ မနက်စာပြင်ဖို့ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...။

လက်ထပ်တယ်ဆိုတာက တစ်ယောက်ဘဝကို တစ်ယောက်စီပုံအပ်ပြီး နှစ်ယောက်တစ်ဘဝ တည်ထောင်ကြတာတဲ့...။ ထယ်ယောင်းမြင်ဖူးသလောက် မေမေနဲ့ ဖေဖေရဲ့ အိမ်ထောင်ရေးက‌တော့ အဲ့ဒီလိုမဟုတ်...။

ဖေဖေ့ဝေယျာဝစ္စကို မေမေလုပ်ပေးခြင်းမရှိသလို ဖေဖေသည်လည်း မေမေ့ကိုငြူစူခြင်းမရှိ...။ အချိန်တန်ရင်ရှာသမျှကို မေမေ့ဆီ ပိုက်ဆံတွေပုံပေးလိုက်တာပဲ...။ အိမ်အကူလေးတွေ ချက်ကျွေးတာနဲ့ပဲ ဖေဖေဟာရောင့်ရဲတက်ပေမယ့် တစ်ချက်ငြူစူခြင်းလည်းမရှိပါ...။ ထယ်ယောင်းမျက်လုံးထဲမှာတော့ အေးတိအေးစက်နဲ့ မေတ္တာတရားတွေမရှိသလိုပဲ...။

အခုလည်း ထယ်ယောင်းရဲ့ဘဝက ဘာထူးလို့လဲ...။ မနေ့ကမှ အသစ်စက်စက်လက်ထပ်ထားကြတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မေတ္တာရှိလို့မှမဟုတ်ပဲ...။ သူကပါကိုယ့်ကို အဆစ်မုန်းနေလိုက်သေးသည်...။ ၆လတာ ဟန်ဆောင်ပေါင်းသင်းကြတယ်ဆိုပေမယ့် ကိုယ့်ဘက်ကတော့ ဝတ္တရားတွေမပျက်ချင်ပါ...။

ဖြစ်နိုင်ရင်တော့ ဂျွန့်ဆီကအမုန်းကို ထယ်ယောင်းမလိုချင်ပါဘူး...။ ဟန်ဆောင်လက်ထပ်ကြတယ်ဆိုပေမယ့် သင့်သင့်မြတ်မြတ်လေးနေချင်သည်...။

သူဘယ်လောက်ပဲမုန်းနေပါစေ ကိုယ်ကတော့ သူ့လိုမလုပ်နိုင်ပါဘူး...။ ကိုယ့်ဘက်က မေတ္တာတွေပေးရင် ဂျွန့်ဘက်က ဘယ်လောက်ထိခံနိုင်မှာတဲ့လဲ...။

ချစ်လာဖို့ကိုတော့ မမျှော်လင့်ပါဘူး...။ သားကိုကြည်ဖြူပြီး ကိုယ့်ကိုအမြင်ကြည်လာရင်ပဲ ကျေနပ်ပါပြီ...။

~~STRING~~ (Completed)Tahanan ng mga kuwento. Tumuklas ngayon