Part - 14

8.4K 465 76
                                        

(Unicode)

"Devil Club"

ဒီ Club ကို ယွန်းဂီနဲ့ နမ်ဂျွန်းက စပ်တူဖွင့်ထားကြတာဖြစ်ပြီး Hotel လုပ်ငန်းကိုတော့ ဂျောင်ကုက ဦးစီးတာပဲဖြစ်သည်...။

အပြင်ပန်းကြည့်ရင်သာ Hotel လို့သာသိနိုင်ပေမယ့် မြေအောက်ခန်းဘက်မှာတော့ Bar နဲ့ Club ကို တွဲလျှက်သီးသန့်ဆောက်ထားသည်...။

Casino ဝိုင်းတွေရှိသလို မှောင်ခိုလုပ်ငန်းအများစု လုပ်တဲ့နေရာလည်းဖြစ်တယ်...။ ဒီ club ကိုသိတဲ့သူက နာမည်ကြီးအသိုင်းအဝိုင်းလောက်သာ ရှိကြသည်...။ တချို့ကလည်း စုံတွဲသီးသန့်လာကြသလို ဂျောင်ကုလို တစ်ယောက်တည်းသမား‌တွေလည်း ရှိကြသည်...။ ပြီးမှ အဖော်ရှာကြတဲ့သူတွေပေါ့...။

Bar မှာ ဂျောင်ကုဝင်ထိုင်လိုက်တာနဲ့ အနားကပ်လာကြတဲ့သူတွေချည်းပဲ...။ မဒီတချို့အပြင် ခပ်နွဲ့နွဲ့ကောင်ငယ်လေးတချို့လည်း ရှိသေးသည်...။ ဂျောင်ကုကတော့ လူရွေးပြီးမှအိပ်တတ်သည်...။ နမ်ဂျွန်းတို့ရှာပေးတဲ့သူက ဂျောင်ကုအတွက်တော့ စိတ်အချရဆုံးနဲ့အကောင်းဆုံးပဲ။

နောက်ကြောင်းရှင်းသလို ထပ်ပြီးနွယ်မှာလည်း စိတ်မပူရ...။ ငွေသာ၂ဆပေးလိုက်ပါက ကိုယ့်သဘောအတိုင်းသာ...။ အကုန်လုံးက ဆရာ,မကျရင်တောင် အပြုအစုတော်ကြသည်...။

စပျစ်ဝိုင်ရဲ့အရသာက လည်ချောင်းထဲလျောခနဲ...။ ဆေးအနည်းငယ်သုံးထားသည်မို့ ဒီညတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်မိမှာပဲ...။ မတတ်နိုင်ဘူး... ကိုယ့်အခက်ခဲဖြေဖျောက်ဖို့ဆိုတာ ဒီနည်းလမ်းအပြင်မရှိ...။ တစ်လမှာတစ်ခါလောက်သာ စိတ်ဖြေရသည်မို့ ဒီလောက်ကတော့ သူမလွန်ဘူးလို့ထင်တာပဲ...။ အလကားပေးပြီး ရတဲ့အရာမဟုတ်တော့ ပေးရတာနဲ့ တန်အောင်ပြုမူရမှာပဲလေ...။

"ဘယ်လိုလဲ အဆင်သင့်ပဲလား...??"

ဘေးနားကခုံတစ်လုံးကို ဆွဲယူကာ အနားလာထိုင်တဲ့ ယွန်းဂီက ဂျောင်ကုလက်ထဲမှဝိုင်ခွက်အား ဆွဲယူကာမော့သောက်လေသည်...။

"နမ်ဂျွန်းရော... ငါသူ့ကိုမှာလိုက်တာပါ"

"မင်းပထွေးက ငါ့ကိုအပ်သွားတာလေ"

လက်ကျန်ကို ကုန်အောင်မော့သောက်ပြီးမှ ယွန်းဂီက ခွက်အလွတ်ကိုမြှောက်ပြရင်း waitress လေးဆီကနေ ထပ်တောင်းပြန်တယ်...။

~~STRING~~ (Completed)Where stories live. Discover now