Part - 8

8.3K 487 59
                                        

(Unicode)

ရေချိုးခန်းတံခါးအား ဖွင့်သံကြားတာကြောင့် နာရီဝတ်နေရင်းတန်းလန်းဖြင့် သူတစ်ချက်ငေးကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းဟာ ကိုယ်ဝယ်ထားပေးတဲ့ ဆင်စွယ်ရောင်ဆွယ်တာအဖြူလေးနဲ့ ပနံသင့်လှစွာဖြင့်...။

နဂိုထဲက ကြည့်ကောင်းချောမောသူမို့ ဘာဝတ်ဝတ်လိုက်ဖက်ပါသည်...။ မနက်က အစ်မကြီးဆိုးပေးလိုက်တဲ့ အညိုရောင်ဆံပင်တွေကြောင့် မျက်နှာလေးက ပိုပြီးရှင်းသန့်နေသည်...။

"အဟမ်း~~!! အောက်မှာဧည့်သည်တွေရောက်နေကြပြီ"

ချောင်းတစ်ချက်ဟန့်ကာပြောပြီးတာနဲ့ ဂျောင်ကုလည်း အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်...။ သူ့မျက်နှာကို ကြာကြာမကြည့်ချင်ပါ...။ အကြောင်းပြချက်က ဘာလဲလို့မေးရင် ဂျောင်ကုလည်း အဖြေရှာမရဘူး...။

နက်ပြာရောင် suit နှင့် ဆံပင်ကိုလှန်သိမ်းထားတဲ့ ဂျွန်ဟာ ရင့်ကျက်မှုအသွင်နဲ့ တစ်မျိုးလေး ကြည့်ကောင်းနေပြန်သည်...။ ဂျွန်က ရှေ့ကနေသွားနှင့်တာကြောင့် ထယ်ယောင်းလည်း နောက်ကနေလိုက်တော့ ဂျွန့်ဆီကနေ ယောကျ်ားဆန်တဲ့ green tea နံ့သင်းသင်းလေးက လမ်းလျှောက်တိုင်းမှာစွတ်ပျံ့လျှက်...။

အောက်ထပ်သို့ဆင်းကာ အခန်းသော့အပ်ရင်း ဝန်ထမ်းကောင်လေးခေါ်ရာနောက်သို့ နှစ်ယောက်သား တိတ်တိတ်လေးလိုက်ခဲ့လိုက်၏...။

ဟိုတယ်ရဲ့အနောက်ဘက်မှာ ဆောက်ထားတဲ့သီးသန့် party ကျင်းပရာနေရာတွင်တော့ လူအများစုဝေးလျှက်...။ ဒီဧည့်သည်တွေအားလုံးဟာ ဂျွန့်ဘက်ကမိတ်ဆွေတွေပဲဖြစ်သည်...။ ကုမ္ပဏီ ဝန်ထမ်းတချို့နှင့်လုပ်ငန်းရှင်တွေ...။ ပြီးတော့ ဂျွန့်သူငယ်ချင်းတွေ...။

ဂျွန်က ထယ်ယောင်းအနားသို့ကပ်လာကာ လက်လေးထိုးပေးလာတာကြောင့် အသာလေးလှမ်းချိတ်ကာ ခေါ်ရာနောက်သို့ လိုက်လာခဲ့လိုက်သည်...။

အားလုံးဟာ ထယ်ယောင်းတို့ကိုမြင်တော့ လက်ခုပ်တီးပြီး ကြိုဆိုကြလေတယ်...။ မင်္ဂလာကိတ်လှီးပြီးနောက်မှာတော့ ရှန်ပိန်ပုလင်းကိုဖောက်ကာ ပါတီကိုစပါတော့သည်...။

အားလုံးလက်ထဲမှာ ဝိုင်ခွက်ကိုယ်စီကိုင်ထားပေမယ့် ထယ်ယောင်းရဲ့လက်ထဲမှာတော့ စတော်ဘယ်ရီအချိုရည်လေးသာ ကိုင်ထားမိသည်...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang