(Unicode)
သားရဲ့အခြေအနေ စိတ်ချရပြီဆိုတော့မှ ထယ်ယောင်းရဲ့ ပူလောင်မှုသောကတွေ တမဟုတ်ချင်း ငြိမ်းအေးရတော့သည်...။ မိဘတစ်ယောက်အနေနှင့် သားသမီးအပေါ်အတ္တကြီးမိတာ ဖြစ်သင့်ပါတယ်...။
ထယ်ယောင်းဟာသားကို ဝမ်းနှင့်လွယ်မမွေးခဲ့သည်ဆိုရုံသာ...။ လက်ထဲအနှီးထုပ်အရွယ်လေးဖြင့် ရောက်လာသည့်အချိန်ကစလို့ ကိုယ့်သားအရင်းလေးလိုဂရုစိုက်ပြီး မေတ္တာတွေ၊ ဂရုဏာတွေပေးခဲ့ရတာ...။ သားကြောင့် ထယ်ယောင်းဘဝထဲ သားရောက်လာသည့်အချိန်ကစလို့ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ရခြင်းတွေဟာ နေရောင်လာရင်ပျောက်တတ်တဲ့နှင်းတွေလို လွင့်စင်ခဲ့ရသည်...။
မိဘစကားကိုအမြဲနားထောင်တဲ့ ထယ်ယောင်းအဖို့ အိမ်ထောင်ကျပြန်တော့လည်း ထယ်ယောင်းတတ်နိုင်သမျှ ဝတ္တရားတွေကျေပွန်ခဲ့ပါတယ်...။ ပေးဆပ်နိုင်သလောက် အကုန်ပေးဆပ်ခဲ့တယ်...။ မေတ္တာတွေပေးရင် မေတ္တာတွေပြန်ရမယ်လို့ထင်ခဲ့ဖူးပေမယ့် ကိုယ်ပြန်ရလိုက်တာက နာကျင်မှု၊ သိမ်ငယ်မှု၊ ရှက်ရွံ့ရခြင်း မျက်ရည်တွေနဲ့အတိပြီးတော့တာပဲ...။
ထယ်ယောင်းဟာ မောင်နှင့်ပတ်သတ်လာရင် အမြဲစိတ်မှတ်မရှိတဲ့ ကလေးတစ်ယောက်လိုပဲ...။ ဘယ်လောက်ပဲနာကျင်အောင်လုပ်လုပ် အမြဲခွင့်လွှတ်ပေးဖို့အသင့်...။ တစ်ချက်ကလေး ကောင်းပြလိုက်တာနဲ့ မရှိတဲ့မာနတွေကြွေလွင့်ရတဲ့အထိ မောင်ဟာ သိပ်တတ်နိုင်လွန်းပါသည်...။ တာဝန်ဝတ္တရားအရ မဖြစ်မနေ သည်းခံခွင့်လွှတ်ခဲ့တာမျိုးမဟုတ်ပဲ မောင်ဘာလုပ်လုပ် အမြဲနားလည်ခွင့်လွှတ်ပေးချင်ခဲ့မိတာ...။
တန်ဖိုးမသိတတ်တဲ့သူရှေ့ ကိုယ့်တန်ဖိုးတွေ ရွတ်ပြနေတော့ရော ဘာတွေထူးခြားသွားမှာတဲ့လဲ...။ ထယ်ယောင်းကိုယ်တိုင်ကိုက လွယ်ကူလွန်းနေတော့ တစ်ဖက်က အထင်သေးစော်ကားတာလည်း မဆန်းပါဘူး...။ ဒါပေမယ့် သူဘာလုပ်လုပ်ခွင့်လွှတ်ပြီးသားဖြစ်နေတဲ့ ကိုယ့်စိတ်ကိုလည်းနားမလည်တော့...။ အခုလည်း သားရဲ့ဇောနဲ့ ဒေါသတွေရှေ့တန်းတင်မိပြီး စိတ်ငြိမ်လာသည့်အခါမှ ပြောမိရလေခြင်းဟု နောင်တကရပြန်သည်...။ ထယ်ယောင်းဟာ အဲ့ဒီလို မောင်နဲ့ပတ်သတ်ရင် လွယ်ကူလွန်းနေတော့တာပဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
