Part - 32

7.7K 362 77
                                        

(Unicode)

ဂျူယောင်းရဲ့လုပ်ရပ်ကြောင့် ယွန်းဂီတို့ကပါ ဘေးကနေမဆီမဆိုင် အားနာမိသွားသည်...။ သူမကတော့ ဒီအတိုင်းရိုးရိုးသားသား ပြုမူလိုက်ပေမယ့် တစ်ဖက်လူက တစ်မျိုးထင်သွားရင်ခက်ရချည်ရဲ့...။ Hyung ကအဲ့ဒီလိုစိတ်ဓာတ်သေးသိမ်တဲ့သူ မဟုတ်ပေမယ့်လည်း ဘယ်သူမဆို ဒီကိစ္စကိုရင်ဆိုင်ရတိုင်း အနည်းနဲ့အများတော့ သဝန်တိုမိကြမှာပဲလေ...။

အဲ့ဒီဂျူယောင်းဆိုတဲ့ စပ်စလူးနတ်ပူးမလေးကလည်း ဇွတ်ပါပဲ...။ ဒီလောက်မျက်နှာရိပ်မျက်နှာကဲပြလည်း သူမမြင်ဘူး...။ ဒင်းအချိုးတွေမပြင်သ၍တော့ ဒီတစ်သက် ယောကျ်ားရဖို့လမ်းမမြင်...။ ဒီကြားထဲနမ်ဂျွန်းက အလိုက်ကန်းဆိုးမသိ ပေါ်ပေါ်ထင်ထင်ကြီး ချောင်းသွားဟန့်လိုက်တော့ အခြေအနေက ပိုဆိုးကုန်ရော...။

Hyung မျက်နှာက သိသိသာသာညှိုးကျသွားတာ သက်သေပင်...။ ထမင်းပင်မစားတော့...။ မျက်တောင်တွေပုတ်ခတ်ကာ ခေါင်းကြီးသာငုံ့လို့ထားတော့သည်...။ မင်းချော့ပေဦးတော့ ဂျောင်ကုရေ...။ယူထားတဲ့သူက မိန်းမ မဟုတ်တာပဲ ဒင်းကံကောင်းသွားတာ...။ မဟုတ်လို့ကတော့ ဒီနေရာမှာတင် ပွဲကြီးပွဲကောင်းပေါ့...။ မဆိုင်တဲ့သူတောင်တွေးနေရင်းမှ ခေါင်းကျိန်းမိတဲ့အထိပဲ...။

"ဂျွန်တို့ ပြန်ကြတော့မလား
သားလဲအိပ်ပျော်နေပြီဆိုတော့လေ"

ပေါင်ပေါ်တင်ထားတဲ့လက်လေးကို အုပ်ကိုင်ကာမေးလိုက်တော့ ကလေးအဖေလေးက တစ်ချက်လန့်သွားသည်ထင်ပါရဲ့...။ ဂျောင်ကုရဲ့လက်ကို အသာလေးဖယ်ထုတ်လိုက်တာကိုကြည့်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။

"အင်း...ဂျွန့်သဘောလေ"

"ဒါဆိုငါတို့ပြန်တော့မယ်
မင်းတို့ဆက်နေကြဦးမှာလား"

သုံးယောက်သား ဂျောင်ကုကို ပြူးကြည့်နေကြပြန်သည်...။ အခုက ဘာတွေဖြစ်နေကြတာလဲ...။ ကလေးအဖေလေးကလည်း သူ့ကိုအသားပင်အထိမခံ...။ ဂျောင်ကုပဲ တုံးအလွန်းတာလား...။ သုံးကောင်သားက‌တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်စတွေလှမ်းပစ်ပြနေကြသေးသည်....။

"ငါတို့က လှိမ့်စရာရှိသေးတယ်လေ... လူပျိုလူလွတ်လေးတွေဆိုတော့ မင်းသိတဲ့အတိုင်းပဲ... စိတ်ပူစရာဆိုလို့ မာမီတို့ပဲရှိတာလေ... မင်းလိုမှမဟုတ်တာ"

~~STRING~~ (Completed)Where stories live. Discover now