Part - 40

8.8K 387 45
                                        

(Unicode)

စူးရှအေးမြနေသည့် ဆောင်းနံနက်ခင်းရဲ့လေထုသည် ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မလေးအသွင်လို လှုပ်လှုပ်ခတ်ခတ်နိုင်လှသည်...။ ပြတင်းတံခါးကနေ တိုးဝင်လာသည့် အသည်းခိုက်မတတ် ချမ်းအေးမှုကြောင့် နိုးတစ်ဝက်အိပ်တစ်ဝက် အိပ်မက်ကမ္ဘာထဲက‌နေ ထယ်ယောင်းနိုးထလာခဲ့ရသည်...။ ခန္တာကိုယ်တစ်ခုလုံးသည် နာကျင်ကိုက်ခဲနေပြီး လက်ချောင်းလေးတွေပင် မလှုပ်ချင်လောက်အောင် ပင်ပန်းနုံးချိနေသည်...။

ညက တစ်ညလုံးဝမ်းဗိုက်ဆီကနေ ထိုးအောင့်နေမှုကြောင့် မနက်မိုးလင်းခါနီးလောက်မှ အိပ်ပျော်သွားခဲ့တာ...။ သားကိုဆေးကုန်ရင် ထချိတ်ပေးမယ်လို့ပြောတဲ့သူက အိပ်လိုက်တာမှ တုပ်တုပ်ပင်မလှုပ်...။ အားကိုးရလောက်ပါရဲ့...။

ကုတင်ဆီအကြည့်ရောက်တော့ ထယ်ယောင်းမှာ နာကျင်မှုလေးတွေ တစ်ဝက်သက်သာသွားရသလို...။ သားအဖနှစ်ယောက် ဖက်အိပ်နေလိုက်ကြတာများ...။ သားက သူ့ပါပါးရင်ခွင်ထဲ လုံးပြီးဝင်ခွေနေတာလေ...။ ကြည့်နေရင်းမှ အမြင်တွေဝေဝါးလို့လာတာကြောင့် မျက်တောင်တို့အားပုတ်ခတ်ကာ ကျလုဆဲဆဲမျက်ရည်တို့အား ပြန်ယုတ်သိမ်းရသည်...။ မနက်စောစောစီးစီး မျက်ရည်ကျတာ ကောင်းတဲ့နမိတ်မဟုတ်ဘူးတဲ့...။

ညက အိပ်မက်တွေလည်းမကောင်းသလို ဒီမနက်နိုးထလာတော့လည်း စိတ်ထဲအဆင်မပြေ...။ အိပ်မက်တွေက မှန်တတ်သလား ထယ်ယောင်းမသိပေမယ့် အိပ်မက်တွေထဲမှာ လက်တွေ့ဆန်တဲ့သဘောတရားတွေရှိမှန်း ထယ်ယောင်းလက်ခံသည်။

ရုတ်တရက် ကုတင်ပေါ်ကနေ လူးလွန့်ကာလှုပ်ရှားလာတာကြောင့် ချက်ချင်းပင် သန့်စင်ခန်းရှိရာဆီသို့ ဝင်လာခဲ့လိုက်သည်...။ ဘာကြောင့်မှန်းမသိ မောင်နဲ့ မျက်နှာချင်းဆိုင်ဖို့ ထယ်ယောင်းအခုထိတွေဝေနေတုန်း...။ အေးစက်သွားတဲ့ဆက်ဆံရေးတွေကို မလိုလားပေမယ့် ကိုယ်တိုင်ကအေးစက်နေပြီလားလို့ သံသယပြန်ဝင်မိတဲ့အထိ...။

အတွေးတို့အား တစ်ခန်းရပ်ကာ မျက်နှာသစ်ဖို့လုပ်ရသည်...။ ဗိုက်ထဲကဝေဒနာကိုလည်း မေ့ထားလို့မဖြစ်...။ ဒီမနက်သားအတွက် ကုန်နေတဲ့ဆေးဝယ်ရင်း ထယ်ယောင်းပြနေကျ OG ဆီမှာ ထပ်ပြီးဗိုက်ထဲက ကလေးအနေအထားကို စစ်ဆေးရမည်...။ အကောင်အထည်မပေါ်သေးပေမယ့် မနေ့ညကကိစ္စကြောင့် စိတ်ထဲနေလို့လုံးဝမကောင်းနေတာ...။

~~STRING~~ (Completed)Where stories live. Discover now