(Unicode)
ညက ညည့်နက်မှအိပ်ယာဝင်ဖြစ်ခဲ့တာကြောင့် ဒီနေ့မနက် အိပ်ယာထနောက်ကျသွားရသည်...။ ၈နာရီဆို ဂျွန်က ကုမ္ပဏီသွားရမှာဖြစ်တဲ့အတွက် အိပ်ယာထဲဆက်ပြီး အိပ်နေလို့မဖြစ်တော့...။
အခုမှ၇နာရီဆိုတော့ အချိန်ရပါသေးသည်...။ သားကို မျက်နှာသစ်ပေးပြီး ထုံးစံအတိုင်းမုန့်ကျွေးပြီး တီဗွီဖွင့်ပေးမှပဲရတော့မယ်...။
အိမ်အကူခေါ်မယ်လို့ ဂျွန်ပြောတုန်းက ငြင်းခဲ့မိတာကို အခုတော့နောင်တရချင်ချင်...။ အိမ်ထောင်ပြုတဲ့ကိစ္စဟာ မလွယ်ကူမှန်း ဒီရက်ပိုင်းတွေမှာ ထယ်ယောင်းနားလည်ခဲ့ရပါသည်...။
"ဖေ့~~!"
မျက်နှာသစ်ကာ သွားတိုက်ပေးနေတုန်း သားက ထယ်ယောင်းအား မျက်လုံးလေးတွေဝိုင်းစက်ကာ သေချာလိုက်ကြည့်နေသည်...။
"ပြောပါဗျာ "
"ပါး~~!! ပါးချီ တွားမယ်"
"ပါပါးက ဒီချိန်အိပ်နေတုန်းလေသားရဲ့... ဖေဖေနဲ့တူတူ ဧည့်ခန်းထဲမှာမုန့်မုန့်စားပြီး စူပါမန်းကား ကြည့်မယ်လေ"
မသွားရဘူးလဲဆိုရော မျက်နှာလေးက ငိုမဲ့မဲ့ရယ်ပါ...။ သားကိုချီကာ အခန်းထဲကထွက်လာရင်း အပေါ်ထပ်ဧည့်ခန်းထဲက ဆိုဖာပေါ်မှာအသာလေးချထားပေးကာ တီဗွီအားဖွင့်ထားပေးလိုက်သည်...။
အပေါ်ထပ်မှဧည့်ခန်းက ကျယ်သည့်အပြင် flat TV ကလည်း အောက်ထပ်မှာရှိတာထက်ပိုကြီးတော့ သားအတွက်အဆင်ပြေအောင်လို့ပါ...။
ပြီးတော့ သားစားနေကျဘီစကွတ်အထုပ်အား ရှေ့တွင်အထုပ်လိုက်ချပေးကာ လက်ထဲကိုလည်း တစ်ခုထိုးထည့်ပေးတော့ သွားဖုံးလေးနဲ့ကြိတ်ကိုက်ရှာတယ်....။
"ကြိုက်လား သား...??"
"ကြိုက်~~ကြိုက်"
တီဗွီထဲအာရုံရောက်နေတာကြောင့် ဘေးနားကနေ ထယ်ယောင်းအသာလေး လစ်ထွက်လာလိုက်သည်...။ အားလုံးပြင်ဆင်ပြီးရင်တော့ ချက်ချင်းသွားခေါ်မှ...။ မဟုတ်ရင် ထယ်ယောင်းကိုမတွေ့လို့ ဟိုတစ်နေ့ကလို ဂျီကျနေဦးမယ်...။
ဒီနေ့တော့ ထွေထွေထူးထူးသိပ်မပြင်တော့ဘူး...။ အချိန်မှီအောင်လုပ်ရမှာမို့ နွားနို့နဲ့ပူတင်းလေးပဲ လုပ်ပေးတော့မည်...။ ဒီနေ့ breakfast က သုံးယောက်စာ စားလို့ရမယ့် ရိုးရိုးရှင်းရှင်းနံနက်စာလေးပေါ့...။ ပြီးတော့ ဂျွန်ကလည်း အပြင်မှာပဲ နေ့လည်စာစားမှာဆိုတော့ ကိစ္စတော့မရှိ...။
KAMU SEDANG MEMBACA
~~STRING~~ (Completed)
Romansaအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
