(Unicode)
Sunday ပိတ်ရက်တိုင်းမှာ ဂျောင်ကုက မိသားစုကိုအချိန်ပေးနေကျဖြစ်ပေမယ့် ဒီအပတ်ပိတ်ရက်မှာ တစ်နေရာရာကိုခရီးအတိုလေးထွက်ဖို့ စိတ်ကူးထားသည်...။ အရင်ပိတ်ရက်တွေမှာတော့ ငယ့်မိဘတွေအိမ်တစ်လှည့်၊ ဂျောင်ကုရဲ့မိဘတွေအိမ်ကိုတစ်လှည့် သွားလည်နေကျ...။
အတိတ်ကိုသတိရပြီးတဲ့အချိန်ကစလို့ ငယ့်ကိုသူအမြဲစိတ်ချမ်းသာအောင်ထားပါသည်...။ သူ့မိဘတွေရဲ့အမှားကို တစ်သက်လုံးခွင့်မလွှတ်ဘူးလို့ တွေးထားပေမယ့် ငယ့်မျက်နှာကြောင့်...။ ငယ့်ကိုစိတ်ချမ်းသာစေချင်လို့...။ ဂျောင်ကုကြောင့် ငယ့်ကိုပျော်စေချင်လို့ပါ...။ သူ့ခမျာ ကိုယ်နဲ့ပတ်သတ်ခဲ့တဲ့ အတိတ်ရဲ့ရက်စွဲတွေထဲမှာ ဘယ်လောက်နာကျင်ခဲ့ရသလဲ....။
တကယ်တော့ ဒါတွေအားလုံးဟာ ဂျောင်ကုရဲ့ တစ်ယူသန်အတ္တတွေကြောင့် ဖြစ်ခဲ့ရတာပဲလေ...။ အခုတော့ အတ္တလည်းမကြီးချင်တော့သလို တစ်ကိုယ်ကောင်းလည်း မဆန်ချင်တော့ပါဘူး...။ အဲ့ဒီအမှားတွေကြောင့်ပဲ ငယ်နဲ့ဝေးခဲ့ရပြီး သမီးလေးကို ပြုစုစောင့်ရှောက်ခွင့်မရခဲ့တာ...။ လူတိုင်းမှာအတ္တကိုယ်စီရှိကြတာမှန်ပေမယ့် တချို့အတ္တတွေက ထားမိရင် ပိုပြီးပူလောင်တတ်ကြောင်း ဂျောင်ကုကိုယ်တိုင် လက်တွေ့နားလည်ခဲ့ရသည်...။
"မောင် ထတော့လေ... ၈နာရီထိုးတော့မယ်... ကြာကြာအိပ်ရင် မောင်ခေါင်းကိုက်နေလိမ့်မယ်... ဒီနေ့ကပိတ်ရက်ဆိုတော့ မောင့်မေမေတို့အိမ်သွားမလား... ဒါမှမဟုတ် သားနဲ့သမီးကို ကစားကွင်းလိုက်ပို့ရင်ရော"
ပိတ်ရက်တိုင်းမောင်က အိပ်ယာကိုနောက်ကျမှ အမြဲထနေကျဖြစ်သည်...။ စောင်ပုံထဲကားယားကြီး မလှုပ်မယှက်အိပ်နေတဲ့သူကိုနှိုးဖို့ စောင်ကိုဆွဲဖယ်တော့ လက်ကိုရုတ်တရက်ဆောင့်ဆွဲခံလိုက်ရပြီး ထယ်ယောင်းကိုယ်လေး မောင့်ရင်ခွင်ထဲရောက်သွားရသည်...။
"မွှေးနေတာပဲကွာ !"
ဂျောင်ကုရင်ဘတ်ပေါ် အိကနဲပြိုကျလာတဲ့ ခန္တာကိုယ်လေးကို ဘေးတစောင်းလှဲချလိုက်ရင်းမှ ပါးအိအိကလေးတစ်ဖက်ကို သူ့နှာခေါင်းတွေနစ်ဝင်တဲ့အထိ နမ်းရှုံ့ပစ်လိုက်တော့ မနက်ခင်းရဲ့လတ်ဆတ်တဲ့လေထုထဲရောပါလာသည့် ချိုအီအီမွှေးရနံ့လေးတစ်ခု...။ ငယ့်ရဲ့ကိုယ်ပိုင်ရနံ့ကလေးဖြစ်ပြီး ဂျောင်ကုတပ်မက်မိတဲ့ တစ်ခုတည်းသော အချစ်ရနံ့လေး...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
