Part - 11

8.5K 478 105
                                        

(Unicode)

မနက်ပိုင်းတွေ ဂျွန်က ကုမ္ပဏီသွားရမှာဖြစ်တဲ့အတွက် ထယ်ယောင်းစောစောလေးထပြီး မနက်စာပြင်ရသည်...။ မေမေတို့အိမ်မှာဆိုရင် သားတစ်ယောက်စာအတွက်သာ ထယ်ယောင်းပြင်ပေးရတယ်ဆိုပေမယ့် အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ နှစ်ယောက်စာထပ်တိုးလာခဲ့သည်...။

မနက်၆နာရီခွဲနိုးတာနဲ့ ဆန်လုံးလေးကိုပါ အိပ်ယာကနေ တခါတည်းနှိုးကာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပေးပြီးသား...။ ကလေးတွေဟာ ဒီအရွယ်ကနေစလို့ အကျင့်လုပ်ထားမှလေ...။ အခုအရွယ်ကငယ်သေးတော့ ဘာမှမလုပ်တတ်သေးတာကြောင့် ထယ်ယောင်းကပဲ အစစအရာရာလိုက်လုပ်ပေးရသည်...။

ထယ်ယောင်းက kitchen ထဲမှာအလုပ်ရှုပ်နေချိန်ဆို သားကိုမကြည့်အား....။ ကလေးတွေဟာ အိပ်ယာကနိုးချိန်ဆို တပူပူတဆာဆာဖြစ်တတ်လွန်းသည်...။ ဒါကြောင့်ပါးစပ်ထဲ ချိုလိမ်တပ်ပေးကာ ဧည့်ခန်းထက်ဆိုဖာပေါ်မှာ ထိုင်ခိုင်းထားပြီး တီဗွီဖွင့်ထားပေးခဲ့သည်...။

သားက နေမကောင်းလို့စိတ်အလိုမကျရင်သာ ဂျီကျတတ်တာ... ။ ကျန်တဲ့အချိန်ဆို ထယ်ယောင်းစကား အမြဲနားထောင်တတ်သည်...။ ပူဆာတတ်တဲ့အကျင့်ကတော့ ညီမလေးနဲ့ တစ်ထေရာတည်းတူသည်...။

*တီ~~တီ~~တီ*

"အင်း !!"

နှိုးစက်သံက အိပ်မရလောက်အောင် နှိပ်စက်လွန်းတာကြောင့် ဂျောင်ကုမှာ မထချင်ပဲနဲ့ထရပြန်သည်...။ ဒီနေ့ ကုမ္ပဏီမှာအစည်းဝေးရှိတာကြောင့် အိမ်ကနေစောစောထွက်မှဖြစ်မည်...။ တစ်ရက်ကလေးအလုပ်ပျက်တာနဲ့ နောက်မှာအလုပ်တွေက တစ်သီတစ်တန်းကြီးမပြီးစီးနိုင်တော့...။

အဆက်မပြတ်မြည်နေတဲ့နှိုးစက်အား လှမ်းပိတ်ကာ အပျင်းကြောဆန့်လျှက် ရေချိုးခန်းသို့ဝင်ရသည်...။ အားလုံးပြင်ဆင်ပြီးလို့ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲကဖြတ်အလျောက် တီဗွီကြီးဖွင့်လျှက်သားမို့ အနားကပ်ကာသွားကြည့်လိုက်တော့ ဂျောင်ကုတစ်ချက်ပြုံးမိသွားတယ်...။

ပေါက်စလေးက ဆိုဖာထက်မိန့်မိန့်ကြီးထိုင်လျှက် ကြောင်နဲ့ကြွက်ကိုကြည့်နေတာ...။ ပါးစပ်ထဲမှာလည်း ချိုလိမ်လေးက တပ်လျှက်သား...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora