Part - 1

23.6K 699 79
                                        

(Unicode)

"ဗျာ...လက်ထပ်ရမယ် ဟုတ်လားမေမေ!!"

အံ့သြရသလိုမယုံကြည်နိုင်သေးတာမို့ နှုတ်ကနေ သံယောင်လိုက်ကာရေရွတ်မိသွား၏...။

"ဟုတ်တယ်သား... စီးပွားရေးဆန်တဲ့လက်ထပ်ပွဲဆိုပေမယ့် မေမေတို့က မင်းကောင်းစားဖို့အတွက် စီစဉ်ပေးတာကို လက်ခံမယ်လို့မျှော်လင့်တယ်"

အရေးတကြီးကိစ္စရှိလို့ စောစောပြန်ခဲ့ပါလို့မှာတာ ဒီစကားပြောဖို့အတွက်လား...။ ကြားကြားချင်းကိုယ့်နားကိုယ်ပင်မယုံ...။ သူ့အသက်အရွယ်ဟာအခုမှ အညွန့်တလူလူနဲ့တက်ကာစ အပင်ပေါက်လေးပါ...။ ဒါကိုဘာဖြစ်လို့များ ဒီအရေးမပါတဲ့ အိမ်ထောင်ဆိုတဲ့ထောင်ကြီးထဲကို လှောင်ပိတ်ထားချင်ရပါသလဲ...??

"သားကလက်မခံဘူးဆိုရင်ရော...??"

"ဂျွန်ဂျောင်ကု!!! မိဘက လက်နဲ့ရေးတာကို ခြေနဲ့မဖျက်ချင်စမ်းနဲ့...!!!

တော်ရုံစကားဝိုင်းထဲဝင်မပြောဖူးသည့် ဖေဖေဟာ အခုတော့ ဂျောင်ကုကိုပင် မာန်မဲလို့ပါလား။

"သားတို့မှာလည်း ဥစ္စာပစ္စည်းအပြည့်အစုံရှိနေပါရက် ဘာကြောင့်များ လောဘတက်ချင်ရတာလဲ...?? သားနားကိုမလည်နိုင်တော့ဘူး"

စုတ်တစ်ချက်သပ်လိုက်ရင်းမှ နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို လက်ချောင်းတို့ဖြင့် ခပ်ကြမ်းကြမ်းဆွဲဖွနေမိ၏...။ အလကား အရေးမပါတဲ့အိမ်ထောင်ရေး အချစ်ရေးတွေကို သူစိတ်မဝင်စား...။ သိပ်စိတ်ပျက်ဖို့ကောင်းတဲ့ နှီးနှောမှုတွေ...။

"သားတို့အရွယ်မရောက်ခင်ထဲက သားသမီးချင်းသဘောတူဖို့ နှစ်ဖက်မိဘတွေ ကတိထားခဲ့ကြတာ... အခုသူတို့ဘက်က ကိုယ်တိုင်ဆက်သွယ်လာတဲ့အပြင် သူတို့ကလေးနဲ့လက်ထပ်ရင် ဖေဖေတို့ကုမ္ပဏီထဲ ရှယ်ယာပါထပ်ထည့်ဦးမှာတဲ့... ဒါ့အပြင် သူတို့ပြန်ရမယ့်အမြတ်ငွေထဲကနေ ၃၀%ကို ဖေဖေတို့ကိုပေးပါမယ်တဲ့"

မိဘကိုယ်တိုင်က သူတို့သမီးကို ထိုးကျွေးနေတာဘယ်လောက်ထိဈေးကျနေမှန်း သူတို့မသိကြဘူးလား...?? ဒီအမြတ်ငွေလေး ၃၀%လောက်က ဂျောင်ကုလည်း ရှာနိုင်နေတာပဲ...။

~~STRING~~ (Completed)Tahanan ng mga kuwento. Tumuklas ngayon