(Unicode)
ပြန်တာတောင်ကောင်းကောင်းမပြန်သွားကြဘဲ ဟိုမလွတ်ဒီမလွတ်စကားတွေ ပြောသွားတဲ့သုံးယောက်ကြောင့် မျက်စိရှေ့ကတစ်ယောက်သောသူရဲ့ ပါးပြင်လေးနှစ်ဖက်ဟာ ပန်းသွေးရောင်ကြွပြီး နီရဲလို့လာ၏...။
"ခဏနော်... ကိုယ်ဆေးသေတ္တာသွားယူလိုက်ဦးမယ်"
"မယူနဲ့တော့... ကျုပ်ဘာမှမဖြစ်တော့ဘူး"
လှည့်ထွက်သွားဖို့ပြင်နေတာကြောင့် လက်ကောက်ဝတ်ကို ဆောင့်ဆွဲကာတားလိုက်တော့ သူနဲ့ကိုယ်နဲ့အခုအနေအထားကာ မျက်နှာချင်းဆိုင်လျှက်...။
"ဆေးမလိမ်းရင် အရည်ကြည်ဖုတွေ ဖောင်းတက်လာလိမ့်မယ်"
"အပူလောင်တာမှမဟုတ်တာ !"
"လိမ်းပေးစရာမလိုဘူးဆိုရင်လဲ လက်ကိုလွှတ်တော့လေ"
ဂျောင်ကုမျက်နှာကို တစ်ချက်လေးပင်မကြည့်ဘဲ တစ်ဖက်သို့မျက်နှာလွှဲထားတဲ့သူကြောင့် စိတ်ထဲတစ်ခုခုလိုနေသလို ခံစားနေရသည်...။
"ဘာဖြစ်လို့လဲ... လက်လေးတောင် ပေးမကိုင်ချင်တော့ဘူးလား...??"
"မဟုတ်ပါဘူး... သားဆီသွားမလို့"
ဆွဲကိုင်ထားတဲ့လက်အား အသာလေးလွှတ်ပေးလိုက်တာနဲ့ ကိုယ့်ကိုချက်ချင်းကျောခိုင်းကာ အခန်းထဲကထွက်သွားတဲ့သူကြောင့် နည်းနည်းလေးမှမကျေနပ်ချင်...။ ဒီလိုပဲပြီးသွားရောလား...။ ခုနကတော့ သူ,မဟုတ်သလို ငိုတော့မတတ်စိတ်ပူပြပြီး အခုကျပြန်တော့ ပစ်ပစ်ခါခါလုပ်ရက်နိုင်တာ...။
အရင်ကပုံစံလေးကို ပြန်မြင်ချင်တာလေ...။ ဂျောင်ကုကိုစိတ်ဆိုးတိုင်း သူမကျေနပ်သမျှ တစ်ခုမကျန်ထုတ်ပြောပြီး ငိုတတ်တဲ့သူက အခုတော့အသံတိတ်လို့နေ၏...။ ကိုယ့်မျက်နှာကိုတောင် မကြည့်တဲ့သူကြောင့် တော်တော်လေးကိုမှ ဂျောင်ကုဘက်က ချော့ရတော့မည်...။
ဧည့်ခန်းနဲ့ kitchen ဘက်က အနည်းငယ်အလှမ်းဝေးတာကြောင့် နောက်ကနေလိုက်သွားရင်း သေးငယ်ပြီးတပွေ့စာလောက်သာရှိတဲ့ ခန္ဓာကိုယ်လေးအား အနောက်ကနေ ဆွဲပွေ့ကာသိုင်းဖက်လိုက်သည်...။
ČTEŠ
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
