Part - 4

8.4K 547 55
                                        

(Unicode)

ဂျွန်ဂျောင်ကုတဲ့...။
နာမည်သာကြားဖူးပေမယ့် အခုသူ့ရှေ့မှာထိုင်နေတဲ့ တစ်ယောက်သောသူဟာ အနည်းငယ်ခက်ထန်သယောင်...။ မေမေပြောသလို အသက်ငယ်ငယ်လေးဆိုပေမယ့် ကုမ္ပဏီတစ်ခုလုံးကို အုပ်ချုပ်ရတဲ့သူဆိုတော့ သူ့ပုံစံက ထယ်ယောင်းထက် မာကြောသည်...။

အပြစ်တင်စကားဟု မဆိုသာသော်လည်း သူ့လေသံက မာရေကြောရေနိုင်လှလျှက် သူ့ရဲ့မျက်လုံးတွေဟာ ရဲတင်းပြီး စူးရှလွန်းတာကြောင့် အနေရခက်မိတာတော့အမှန်....။

ထယ်ယောင်းက အိမ်မှာဆိုရင် မေမေ့ရဲ့အဆူအဟောက်ကို နေ့တိုင်းနီးပါးခံရတယ်ဆိုပေမယ့် ကြာလာတော့ နေသားကျခဲ့ပြီဖြစ်၏...။ သို့ပေမယ့် သူစိမ်းတစ်ယောက်ဖြစ်တဲ့အပြင် အခုလေးတင်မှသိခွင့်တွေ့ခွင့်ရတဲ့သူတစ်ယောက်က ကိုယ့်ကို အပြစ်တင်နေတာကိုတော့ သူမခံစားနိုင်...။

မျက်ရည်လွယ်တတ်တဲ့သူမဟုတ်ပေမယ့်လို့ သူ့စကားတစ်ခွန်းထဲနဲ့ ဝမ်းနည်းစိတ်ဝင်ပြီး မျက်ရည်ဝဲမိတယ်...။ ဒါဟာ ထယ်ယောင်းဘဝမှာ သူစိမ်းတစ်ယောက်ကြောင့် ပထမဦးဆုံးဖြစ်ဖူးတဲ့ခံစားချက်...။

"တောင်း~~တောင်းပန်ပါတယ်"

အကြာကြီးငြိမ်နေပြီးမှ ထွက်လာသည့်စကားက တောင်းပန်ပါတယ်တဲ့...။ ဂျောင်ကုရဲ့မျက်နှာကိုပင် မော့မကြည့်ပဲနဲ့လေ...။

"တောင်းပန်တယ်ဆိုတာ ဆင်ခြေပေးခြင်းတစ်မျိုးပဲ... ကျုပ်က ကုမ္ပဏီတစ်ခုလုံးကို ဦးစီးနေရတဲ့သူဆိုတော့ အမြဲတမ်းတိကျနေရမှ"

တောင်းပန်စကားနဲ့တင် သူက မကျေနပ်နိုင်တာလား?
ထယ်ယောင်းဘက်ကနေ မာနတွေချပြီး တောင်းပန်နေတာတောင်မှလေ...။ ပြီးတော့ ကိုယ်ဟာသူ့ရဲ့လက်အောက်က အလုပ်သမားလည်းမဟုတ်...။

"‌ဂျောင်~~‌ဂျောင်ကုကို စိတ်အနှောက်အယှက်ပေးမိပြီထင်တယ်... ဒီကိုလာတော့ လမ်းမှာမီးပွိုင့်မိနေတာရယ် ပြီးတော့~~ ကိုယ့်သားလေးက နေမကောင်းတော့ လက်ကနေချမရလို့ပါ~~"

အခုချိန်ထိ‌ ဂျောင်ကုဟာ သူ့ကိုစိုက်ကြည့်နေဆဲ...။
လက်ထဲချီထားတဲ့သားကလည်း အငြိမ်မနေဘဲ ဟိုဆွဲသည်ဆွဲ လိုက်ဆွဲနေတာကြောင့် လက်ကလေးနှစ်ဖက်ကိုဖမ်းချုပ်ထားရသည်...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang