Part - 22 (Rated M)

10.6K 437 60
                                        

(Unicode)

ပါးပြင်ပေါ်သို့ထိတွေ့လာတဲ့ နွေးထွေးတဲ့အထိအတွေ့ သေးသေးလေးတစ်ခုကြောင့် ရင်ဘတ်ထဲလှိုက်ကနဲ...။ မျက်လုံးတို့အားဖိပိတ်ထားရာမှ!ဖြည်းဖြည်းချင်းအသာလေးဖွင့်ကြည့်တဲ့အခါ သူက ကိုယ်နဲ့အကြည့်ချင်းဆုံရမှာ ရှက်၍လားတော့မသိပါ...။ ချက်ချင်းခေါင်းကိုငုံ့ချကာ ဂျောင်ကုရင်ခွင်ထဲ အတင်းတိုးဝင်တော့တာပဲ...။

"ကိုယ်လေ ဒီပါးချိုင့်လေးကိုသဘောကျတယ်သိလား... ဂျွန်က ပြုံးလိုက်ရင်ဆွဲဆောင်မှုရှိတာကို ဘာဖြစ်လို့မျက်နှာကြီးကို တည်ထားရတာလဲဟင်"

ရင်ဘတ်နဲ့မျက်နှာကိုကပ်ထားတာကြောင့် နှုတ်ခမ်းသေးသေးက စကားပြောဖို့လှုပ်လိုက်တိုင်း ဂျောင်ကုရဲ့ရင်ဘတ်ကို လာလာထိနေ၏...။ လက်တွေဟာ ကိုယ့်ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်တို့ထိနေတာလည်း တစ်စက်ကလေးမှ ရပ်မသွားခဲ့...။

"ဒီလိုပဲ လူတိုင်းကတော့ပြောကြတာပါပဲ... ဂျွန်ဂျောင်ကုရဲ့ ဆွဲဆောင်မှုတွေမှာ ဒီပါးချိုင့်က အရေးကြီးဆုံးကဏ္ဍက ပါနေတာပဲလေ... ဒါပေမယ့် လူတိုင်းကိုလိုက်ပြုံးပြနေရအောင် ကျုပ်ကလူရွှင်တော်မှမဟုတ်တာ"

ထယ်ယောင်းလေ ဂျွန့်ရင်ခွင်ထဲနေရတာကို အရမ်းသဘောကျတာပဲ...။ အခုအနေအထားမှာ ဂျွန်ကထယ်‌ယောင်းကို သိမ်းဖက်ထားပြီး ထယ်ယောင်းက ဂျွန့်ရဲ့ပေါင်ပေါ်မှာ ထိုင်လျက်သားဖြစ်သည်...။

ရင်ခွင်ထဲတိုးကပ်ကာ ဂျွန်ပြောသမျှကို ခေါင်းလေးမော့လျှက်နားထောင်တဲ့အခါ လှုပ်ခတ်သွားတဲ့ Adam's apple လေးက ထယ်ယောင်းရဲ့ တိမ်းညွတ်ရာတွေထဲကတစ်ခု ဖြစ်ခဲ့မယ်ဆိုလျှင်....။

"ကိုယ်နဲ့ အတူရှိနေလဲ ဂျွန်က မျက်နှာကြီးတည်နေတာပဲ"

"နေ့တိုင်း အနမ်းတွေနဲ့အဖော်ပြုပေးလေ... အဲ့ဒါဆို ခင်ဗျားမြင်ချင်တဲ့ပါးချိုင့်ပေါ်အောင် နေ့တိုင်းပြုံးပြပေးမယ်... ဘယ်လိုလဲ... အယူရှိရင် အပေးလဲရှိရတယ်နော်!"

ကိုယ့်စကားအဆုံးမှာပဲ ရင်ခွင်ထဲပူးကပ်နေတဲ့သူဟာ ချက်ချင်းခေါင်းထောင်လာလေသည်...။ နားနားတိုးကပ်လာပြီး တိုးဖွဖွလေးပြောလိုက်တဲ့ သူ့စကားအဆုံးမှာ ဂျောင်ကုရင်ဘတ်ထဲသိမ့်ခနဲ...။

~~STRING~~ (Completed)Where stories live. Discover now