Part - 27

7.3K 404 57
                                        

(Unicode)

ညနေပြန်လာမယ်အထင်နဲ့ ကိုယ့်မှာတော့ သားကိုသိပ်ပြီး သူ့ကိုထိုင်စောင့်နေခဲ့ရတာ...။ ညကိုးနာရီကျော်တဲ့အထိ ပြန်မရောက်လာတဲ့သူကြောင့် ဒေါသတွေဟာအလိပ်လိုက်...။ တစ်ဆက်ထဲမှာပဲ ညနေကမြင်ခဲ့တဲ့ မြင်ကွင်းကြောင့် တစ်ညလုံးအိပ်လို့ပင်မပျော်...။ ကိုယ့်ကိုမြင်တာနဲ့.ထိတ်လန့်သွားတဲ့ မျက်နှာလေးကြောင့် စိတ်ထဲလည်းဘဝင်မကျ...။

ကိုယ်သဘောမကျတဲ့သူနဲ့မှ ဒီလိုအဆင့်ထိ ဖြစ်ပျက်နေတာမြင်ရတာ ဘယ်လောက်ထိဒေါသထွက်စရာကောင်းလိုက်သလဲ...။ ပြီးတော့ သူဟာလူပျိုလူလွတ်လေးလည်းမဟုတ် အိမ်ထောင်ရှိတဲ့ကလေးတစ်ယောက်အဖေ...။

အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးက အဲ့လောက်ထိ အကဲပိုစရာလိုလို့လား...။ ကိုယ့်ရှေ့ရောက်မှ တမင်လုပ်ပြနေသလိုမျိုး...။ ဟိုကောင့်မျက်နှာကလည်း သူများယောကျ်ား ကြောင်တောင်နှိုက်တဲ့ကြာကူလီရုပ်နဲ့...။ ဟိုကလည်း အဲ့ဒီကောင်နဲ့ဆို အပြုံးတွေဖောသီနေလိုက်တာများ ဂျောင်ကုရှေ့ရောက်ရင် မခုတ်တတ်တဲ့ကြောင်ပေါက်စလို...။

၆လတာပေါင်းသင့်ရတယ်ဆိုပေမယ့်လည်း ကင်မ်ထယ်ယောင်းဟာ အခုလက်ရှိမှာ ဂျောင်ကုရဲ့အပိုင်...။ ကိုယ့်ယောကျ်ားကို ပွေ့ဖက်ကိုင်တွယ်နေတာ မြင်ရရင်ဘယ်သူမဆို ဒေါသထွက်မှာပဲ...။ ချစ်တာမချစ်တာထက် သူ့ကိုဘယ်သူ့မှထိတွေ့ကိုင်တွယ်တာ ဂျောင်ကုမကြိုက်ဘူး...။ သူနဲ့ပတ်သတ်ပြီးမှနွယ်လာတဲ့ သားကိုတောင်အထိမခံနိုင်တာ သူ့အဖေဆိုပိုဆိုးပါတယ်...။

မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် ညဘက်အိပ်ရေးမဝတော့ ခေါင်းတွေနောက်နေသည်...။ ဘေးနားမှာကားယားလေး အိပ်ပျော်နေတဲ့သားကို ပါးလေးကိုခပ်ဖွဖွလေးနမ်းကာ နှိုးလိုက်တော့ လုံးတုတ်တုတ်ကိုယ်လေးက အိပ်ယာထက်လွန့်လူးလျှက်...။

"ဖေ့~~မံမံ !"

ညက သူ့အဖေကိုမတွေ့လို့ ဂျီကျနေတာနဲ့ ညစာကိုတောင်မကျွေးလိုက်ရ...။ ငိုပြီးအိပ်ပျော်သွားတာကြောင့် မနှိုးရက်တာနဲ့ ဒီအတိုင်းသိပ်လိုက်တာ ဒီမနက်တော့ အသံလေးထွက်လာပြီ...။ တစ်ညလုံးတက်မတတ်ငိုနေလို့ ဂျောင်ကုမှာ ကလေးမချော့တတ်လေတော့ တော်တော်လေးကိုအခက်တွေ့သွားတာ...။

~~STRING~~ (Completed)Kde žijí příběhy. Začni objevovat