Part - 47

9.2K 371 27
                                        

(Unicode)

လက်ကောက်ဝတ်ကို လက်တစ်ဖက်တည်းအားဖြင့် ဆောင့်ဆွဲခြင်းခံထားရတာကြောင့် နဂိုအနာအရှိန်နဲ့ပေါင်းကာ အနာပေါ်အနာဆင့်ရင်း ထယ်ယောင်း မျက်ရည်တွေဝဲတက်လာခဲ့သည်...။ နာကျင်မှုထက်ရင်ထဲက သောကမီးတွေကပိုဆိုးပါသည်...။ အထူးသဖြင့်မောင် ထယ်ယောင်းကိုရွံရှာသွားမှာကို ထယ်ယောင်းအကြောက်ဆုံးပဲ...။ မောင်ဒေါသထွက်နေကျပုံစံကို မြင်ဖူးပေမယ့် ဒီတစ်ခါတော့တော်တော်လေး အခြေအနေမကောင်း...။

*ဂျိမ်း !!*

ထယ်ယောင်းခန္တာကိုယ်လေးကို ကားကူရှင်ပေါ်ပစ်စလက်ခက် ထိုးသိပ်ခံရပြီးတဲ့နောက် ဆက်တိုက်ထွက်ပေါ်လာတာက ကားတံခါးဆောင့်ပိတ်သံခပ်ပြင်းပြင်း...။ နီရဲနေတဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာဖိထားရင်းမှ ပါးပြင်ထက်မျက်ရည်စတို့က သိပ်သည်းစွာ နက်ရှိုင်းစွာဖြင့် အတားအဆီးမရှိ အလုအယက်ကိုပြိုဆင်းတော့သည်...။

"တောက် !!!"

တက်ခေါက်သံခပ်ပြင်းပြင်းကို ကြားလိုက်ရပြီးနောက် တစ်ဆက်ထဲထွက်ပေါ်လာသည်က steering wheel ကို ထိုးနှက်ချက်များပင်...။ တတီတီမြည်ကာ parking ထဲ ဆူညံနေမှာသေချာပေမယ့် ထယ်ယောင်းမောင့်မျက်နှာကိုမကြည့်ရဲခဲ့...။ လက်တွေနာသွားမှာကို စိုးရိမ်မိပေမယ့် ကိုယ်တိုင်ကိုယ်က မောင့်ကိုရင်ဆိုင်ဖို့ သတ္တိမရှိနေခဲ့တာ...။ အမှန်ဆို ကိုယ့်မှာအမှားမရှိမှန်း သိနေပါရက်နဲ့ ထယ်ယောင်းကိုက မောင်နဲ့ပတ်သတ်လာရင် ပျော့ညံ့တဲ့သူတစ်ယောက်ဖြစ်နေခဲ့ရခြင်းဟာ ဘယ်တော့မှပြင်လို့မရနိုင်တော့တဲ့ အကျင့်တစ်ခုလို~~။

ကိုယ့်တတ်နိုင်ခြင်းတွေဟာ အသံမထွက်ပဲ မျက်ရည်ကျနိုင်တာတစ်ခုပဲ...။ အတိတ်မေ့နေတဲ့သူကို ထပ်ပြီးစိတ်ရှုပ်စရာတွေမပေးချင်ပေမယ့် မနက်ကတင် မပြေလည်ခဲ့တဲ့ကိစ္စတစ်ခုက ဒီနေ့ပြဿနာနှင့်ပေါင်းကာ မီးပွားတွေပိုကြီးလာမှာကိုတော့ ကြောက်မိပါရဲ့...။ အစထဲက ကိုယ့်ဘက်ကနေခိုင်မြဲအောင် ချည်နှောင်ခဲ့ရတယ်ဆိုပေမယ့် တစ်ဖက်က အချည်နှောင်ခံချင်ဦးမှ...။

"အင့်~~ဟင့် !!"

တစ်ဖက်ကနေ တအင့်အင့်ငိုရှိုက်သံကြောင့် ဒေါသတို့ကပို၍ဖြစ်လာသည်...။ အမှန်ဆိုသူမဟုတ်ကြောင်း ရှင်းပြသင့်တာမလား...။ အတိတ်ကဖြစ်ရပ်တွေကို သူမမှတ်မိနိုင်သေးဘူးဆိုရင်တောင်မှ အခုပြဿနာကိုတော့ ဂျောင်ကုအပေါ်ပွင့်လင်းသင့်ပါရဲ့...။ အစည်းအဝေးပြီးပြီးချင်း မျက်စိအောက်ကနေပျောက်သွားလို့ ကိုယ့်မှာစိတ်ပူပြီးလိုက်ရှာလိုက်ရတာ...။ ကိုယ်အချိန်မှီရောက်လို့သာပေါ့...။ နည်းနည်းလေးများနောက်ကျခဲ့ရင် မတွေးရဲစရာ...။

~~STRING~~ (Completed)Where stories live. Discover now