Part - 17 (Rated M)

10.3K 466 22
                                        

(Unicode)

"အင့် !!"

ကုတင်ပေါ်ကို အကြမ်းပတမ်းဆောင့်တွန်းကာ ပစ်ချခြင်းခံလိုက်ရတာကြောင့် ထယ်ယောင်းကိုယ်လေး အပေါ်သို့ပြန်မြောက်တက်ကာ ပြန်ကျတဲ့အရှိန်ကြောင့် ခါးပင်အောင့်မျက်ကာ ခေါင်းတွေဟာမူးကနဲ မိုက်ကနဲ...။

ကုတင်ခြေရင်းဘက်မှာ ဂျွန်ဟာ မတ်တပ်ရပ်အနေအထားဖြင့်ရှိနေဆဲဖြစ်၏။ ထယ်ယောင်းဆီသို့ဦးတည်ထားတဲ့ အကြည့်စူးစူးတွေက တစ်ချက်ပင်မလွှဲ...။ necktile ကိုဆွဲဖြုတ်ကာ အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဆွဲဖြုတ်နေသည့်ပုံကအစ ဆွဲဆောင်မှုရှိလွန်းလှပါသည်...။

ပြီးတာနဲ့ ခါးပတ်ကြိုးကိုဆွဲဖြုတ်ပြီး ဘောင်းဘီဇစ်ကို ဆွဲချလိုက်တဲ့အခါမှာတော့ ထယ်ယောင်းလည်း မျက်လုံးအစုံကို ဖိပိတ်ချလိုက်မိတော့သည်...။ ဂျွန့်နှုတ်ဖျားကနေ ထွက်ကျလာမယ့် ရင့်သီးတဲ့စကားလုံးတွေရဲ့ဒဏ်ကို မခံနိုင်လို့ ဒီလိုအခြေနေမျိုးနဲ့ ပေးဆပ်ဖို့ပြောခဲ့ပေမယ့် တကယ်တမ်းဖြစ်လာမည့်အန္တရာယ်ကို ထယ်ယောင်းကြောက်နေသည်...။

မျက်ဝန်းတို့အားဖိပိတ်ထားလျှက်မှ ကြောက်စိတ်ကြောင့် အိပ်ယာခင်းစကို ဆွဲဆုပ်ထားဆဲမှာပဲ အိကနဲနစ်ဝင်သွားတဲ့ ဒန်းလော့မွေ့ယာကြောင့် ဂျွန်ကုတင်ပေါ်သို့ရောက်လာမှန်း ထယ်ယောင်းသိလိုက်သည်...။

"မျက်လုံးဖွင့်!!"

ရုတ်တရက်မျက်နှာကို အားနဲ့ဆွဲညှစ်လိုက်တာကြောင့် ထယ်ယောင်းမျက်ရည်တွေ ဝဲတက်လာရသည်...။

"ဖွင့်လို့ပြောနေတယ်လေ... အတွေ့ကြုံရှိပြီးသားကို ဘာဖြစ်နေတာလဲ...!!!"

မျက်လုံးမဖွင့်မချင်း အကြမ်းပတမ်းဆွဲညှစ်ထားတာကြောင့် အသားတွေပိုပိုပြီးနာလာသည်...။ ဖိပိတ်ထားတဲ့မျက်ဝန်းတွေကို အသာလေးဖွင့်ကြည့်တဲ့အခါ မွေ့ယာပေါ် လက်တစ်ဖက်တစ်ချက်စီထောက်လျှက် ထယ်ယောင်းကို အုပ်မိုးကာစိုက်ကြည့်နေတဲ့ ဂျွန်...။ အကြည့်တွေဟာ စူးရှပြီးအရိုင်းဆန်လှတာကြောင့် တစ်ဖက်သို့သာ ခေါင်းကိုစောင်းငဲ့ထားမိ၏။

"ဒီမှာ...ကျုပ်မျက်နှာကိုကြည့်...!!! ကျုပ်က ခင်ဗျားယောကျ်ားနော်... ခင်ဗျားဘက်က အရင်စနမ်းပြီး အတင်းယူပါလို့ပြောတာလေ... အခုမှကိုယ်မဟုတ်သလို လာရှက်ပြမနေနဲ့"

~~STRING~~ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ