Part - 48

9.8K 390 39
                                        

(Unicode)

မျက်နှာပေါ်ကျလာတဲ့ နွေးထွေးတဲ့ရေစက်တချို့ကြောင့် မျက်ဝန်းတို့အားဖိပိတ်ထားရာမှ ငေးကြည့်မိတော့ မောင့်မျက်နှာချောချောထက်မှာ မျက်ရည်စတို့က မောင်နှင့်မလိုက်ဖက်လှစွာ...။ ပြာလဲ့လဲ့မီးရောင်အောက် မောင့်အကြည့်တွေကရီဝေကာ စူးရှလို့နေပြီး ပါးပြင်ထက်ဖြတ်စီးသွားတဲ့ မျက်ရည်တို့အားဖယ်ရှားပေးဖို့ မောင့်မျက်နှာရှိရာဆီလက်အလှမ်းမှာပဲ~~

"ဂျွန်~~အွတ် !"

လက်ချောင်းတို့အား မွေ့ယာထက်ပူးကပ်ကာ ဖိချုပ်ခံလိုက်ရပြီးနောက် ထယ်ယောင်းအသံလေး မောင့်နှုတ်ခမ်းတွေကြား တိတ်ဆိတ်သွားရပြန်သည်...။ ခန္တာကိုယ်ကို အုပ်မိုးထားရက်ကနေ နှုတ်ခမ်းတွေကိုတောက်လျောက် စုပ်ယူနမ်းရှိုက်ခြင်းခံနေရတာဖြစ်ပြီး တစ်ချက်တစ်ချက် အားဖြင့်ဖိစုပ်တဲ့အခါတိုင်း ထယ်ယောင်းအသက်ရှူမဝချင်တော့...။ တွန်းကန်ကာသတိပေးချင်ပေမယ့် လက်တို့သည်မောင့်လက်ဖဝါးတွေကြား ဖိဆုပ်ခံနေရတာဖြစ်ပြီး အင်အားခြင်းမမျှတော့ နာရတဲ့သူဟာ ထယ်ယောင်းပဲဖြစ်လျှက်...။

*ပြွတ် ! *

အသံမြည်အောင်စုပ်နမ်းခံရပြီးနောက် အတွင်းထဲတိုးဝင်လာတဲ့ လျှာဖျားရဲ့ရစ်ပတ်မှုမှာ ထယ်ယောင်းရဲ့အသက်ရှူနှုန်းတွေ ပိုမြန်ဆန်လာရ၏...။ အတင်းအကြပ်အရယူနေသူကြောင့် ထယ်ယောင်းပိုပြီးအနေရကြပ်လာသည်...။ အသက်ရှူမဝတော့သည့်အပြင် လူကပါလှုပ်၍မရတာကြောင့် ပိုပြီးငိုချင်လာသည်...။ မောင်ဘာဖြစ်နေပါသနည်း...။ ထယ်ယောင်း ဘာအမှားလုပ်မိလို့ အခုလိုထင်ရာစိုင်းခံနေရတာလဲ...။

"ဂျွန်! "

အနမ်းတို့အား ထပ်ဆက်ဖို့်ပြင်လိုက်ပေမယ့် ခေါင်းကိုအတင်းခါရမ်းကာ ရုန်းကန်လာတဲ့သူကြောင့် ဖိချုပ်ထားတဲ့ လက်တွေကိုလွှတ်ပေးကာ အနမ်းတို့အားရပ်ရင်း မျက်နှာနုစင်စင်ကလေးကိုငေးကြည့်မိခိုက် ဂျောင်ကုရင်ဘတ်ပေါ် ကျရောက်လာတဲ့ ခပ်ဖွဖွလက်သီးဆုပ်ကလေးတွေ...။ ပါးပြင်တစ်ခုလုံး ပြာလဲ့လဲ့အခန်းမီးရောင်အောက်မှာ မျက်ရည်တို့ဖြင့် လှချင်တိုင်းလှနေတာဖြစ်ပြီး နှုတ်ခမ်းလွှာတစ်စုံက ကိုယ့်အနမ်းတွေကြောင့် စိုရဲပြောင်လက်လို့်နေသည်...။

~~STRING~~ (Completed)Kde žijí příběhy. Začni objevovat