(Unicode)
"ဖေ့ ပေါင်မုန့်ကိုစတော်ဘယ်ရီဂျမ့်လေးနဲ့ စားမှာနော်... ထောပတ်နဲ့မစားချင်ဘူး"
"မီးမီးလဲ သိုသို့လို စတော်ဘယ်ရီဂျမ့်နဲ့"
ဂျွန်အိမ်တော်၏ breakfast ဝိုင်းက နေ့တစ်ဒူဝ ဤသို့နှယ်ဆူညံမြဲဖြစ်သည်...။ ထယ်ယောင်းကမနက်ပိုင်းကုမ္ပဏီမသွားခင် အိမ်ရဲ့မနက်စာကိုတော့ တာဝန်ယူကာ ကိုယ်တိုင်ပြင်ပေးနေကျ...။ အထူးသဖြင့် ဂျီးအလွန်ထူပြီး ထယ်ယောင်းစကားမှနားထောင်တတ်တဲ့ သားနဲ့သမီးအတွက် ထယ်ယောင်းလုပ်ကိုင်ပေးမှရတာမျိုး...။ အခုလည်း တစ်ယောက်တစ်မျိုးမရိုးရအောင် မနက်ခင်းရဲ့တေးသံနှင့်အတူ အိမ်ကိုဆူအောင်လုပ်တော့သည်...။
"သမီးက အာဟာရမှုန့်သောက်ရမှာလေ
ဘာကို ကိုကိုစားသလိုလိုက်စားမှာလဲ"
"စတော်ဘယ်ရီဂျမ့်လေးနဲ့ပဲစားမှာ ဟွန့် !"
သမီးအတွက်အာဟာရမှုန့်ဖျော်နေရင်း နောက်ကျောဘက်ဆီကနေ ခပ်ဆောင့်ဆောင့်လေးထွက်လာတဲ့ သမီးရဲ့အသံကြောင့် ထယ်ယောင်းဆူမှကိုဖြစ်တော့မည်...။ ဒီကလေးက အဖိုးအဖွားတွေအလိုလိုက်ပြီး မျက်နှာသာပေးလို့ သိပ်ရောင့်တက်နေတာ....။
"သမီးနော် ပြောစကားနားမထောင်ရင်
ဘာလုပ်မယ်ဆိုတာသိတယ်မလား"
ထယ်ယောင်းတစ်ချက်ဆူလိုက်တာနဲ့ နှုတ်ခမ်းကဆူတော့တာပဲ...။ ချက်ချင်းလက်ပိုက်ထားရက်ကနေ မျက်ခုံးတန်းကြီးတွေတွန့်ချိုးရင်း ပါးဆုပ်ကြီးနှစ်ဖက်ပေါ်မျက်ရည်တွေက တလှိမ့်ချင်းကျလို့လာတော့သည်...။ ဆူဖို့အစပျိုးရုံလေးပဲရှိသေးသည် သူကငိုချတာ...။ ကိုယ့်ဝမ်းနှင့်လွယ်မွေးထားရတဲ့ကလေးမို့ ထယ်ယောင်းမှာ မဆူရက်မရိုက်ရက်...။ ဒါကိုလူလည်မလေးကလည်း အထာနပ်သည်...။ ထစ်ကနဲဆို ငိုဖို့ကအရင်...။ အဲ့ဒီလိုပုံစံနဲ့ ထယ်ယောင်းကိုနိုင်စားနေတာကြာပေါ့...။
"မီးမီးစားချင်လို့ မီးမီးလဲစားမလို့
ဟင့်~~သိုသို့လိုစားမလို့"
"သမီးမှစားလို့မရသေးတာ... ကိုကို့လိုအရွယ်ရောက်ရင် ဖေဖေကကျွေးမှာပေါ့... အခု အာဟာရမှုန့်လေးဖျော်ထားတယ်... သောက်လိုက်နော် ဖေဖေခွံ့မယ်"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
