Part - 34

7.3K 363 66
                                        

(Unicode)

"သားကိုကြည့်ရတာ အခုနောက်ပိုင်းမှ ပိုပြီးပြည့်လာသလိုပဲ... မေမေဟိုတစ်ခေါက် အိမ်လာလည်တုန်းကထက်ကို ပိုပြီးပြည့်လာတာ"

"ဟုတ်~~ဟုတ်တယ်မေမေရဲ့... ဂျွန်လဲ ခဏခဏပြောတယ်... ထမင်းလဲအရင်က စားသလိုပုံမှန်စားတာပါပဲ... တစ်ခါတလေပြောပါများတော့ ကိုယ့်ကိုယ်ကိုတောင် သင်္ကာမကင်းဖြစ်မိတယ်မေမေရယ်... သားက ရောဂါဖြစ်မှာကိုပဲ ကြောက်တာပါ"

ထယ်ယောင်းဝလာတဲ့ကိစ္စကို ဂျွန်လည်း ခဏခဏပြောတတ်သည်...။ အဲ့ဒီကိစ္စကို ထယ်ယောင်းတောင်မှ ကိုယ့်ကိုယ်ကိုမယုံသင်္ကာ ဖြစ်မိတဲ့အထိပဲ...။ ပါးတွေဖောင်းလာတာကိုတော့ ထယ်ယောင်းလက်ခံပါသည်...။ ထမင်းလည်း အဲ့သလောက်ကြီး စားတာမဟုတ်ပါပဲ ဒီရက်ပိုင်းတွေစိတ်ချမ်းသာလို့ ခန္တာကိုယ်ပြည့်လာတာလည်း ဖြစ်ချင်ဖြစ်မှာပါဟု ဖြေသိမ့်မိပါသည်...။

"အို~~အမလေးလေး ! သားက လူရိုးလေးပဲ... ဘယ့်နှယ့်ကြောင့် ရောဂါဖြစ်ရမှာလဲကွယ်... အဲ့ဒါ ယောကျ်ားနဲ့ဓာတ်တည့်လို့လေ... အဟင်း~ဟင်း "

မေမေက ထယ်ယောင်းကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ကို ရယ်နေတော့တာ...။ မေမေပြောတဲ့အဓိပ္ပါယ်ကို ထယ်ယောင်းအခုထိနားမလည်ခဲ့...။ အနောက်ပါးဆီကနေ တစ်ချက်တစ်ချက်ထွက်လာတဲ့ သားရဲ့ရယ်သံလေးကလည်း ထယ်ယောင်းစိတ်ကို လွှမ်းမိုးနေပြန်သည်...။ လူကြီးမိဘနဲ့စကားပြောနေရင်း ချက်ချင်းစကားစကို ဖြတ်ဖို့ကလည်း မကောင်းဘူးမလားလေ...။

"သားတို့ အတူနေပြီးသွားကြပြီမလား"

"ဗျာ~~ဟို~~ဟို !"

မေမေ့ရဲ့ ချောင်ပိတ်ရိုက်ပြီးမေးတဲ့မေးခွန်းဟာ ထယ်ယောင်းကို အနေရကျပ်စေသည်...။ ဒီကိစ္စကြီးကို ထယ်ယောင်းဘယ်လိုပြောထွက်မှာလဲ...။ ရှက်လွန်းလို့ မျက်နှာဘယ်နားသွားထားရမှန်းပင်မသိ...။ အနားမှာ ဂျွန်မရှိနေတာကိုပဲ ကံကောင်းတယ်လို့မှတ်ယူရမလိုလို...။

"ကြည့်~~ရှက်နေပြန်ပြီ... ထားပါလေ... မေမေဆက်မမေးတော့ဘူး... ဟုတ်တယ်လို့ပဲ မှတ်ယူထားလိုက်မယ်နော်... နောက်ပြီးဒီကိစ္စကို ကလေးလေးယူတဲ့အချိန် သားသိလာလိမ့်မယ်"

~~STRING~~ (Completed)Where stories live. Discover now