(Unicode)
နေမကောင်းဖြစ်တဲ့ ၃ရက်အတွင်း ဂျွန်က ကုမ္ပဏီကိုပင်မသွားခဲ့...။ သားနဲ့ထယ်ယောင်းကို လိုလေသေးမရှိဂရုစိုက်ပေးတဲ့ ဂျွန်ကြောင့် ထယ်ယောင်းအားလည်းနာမိသည်...။
ဒီရက်တွေအတွင်း ထယ်ယောင်းသိလာရသည်က သူ့ရဲ့ဂျွန်ဟာ အရာရာပြီးပြည့်စုံတဲ့ ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့တာကိုပဲ...။ စီးပွားရေးပိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတော်သလို အချက်အပြုတ်မှာလည်း ဂျွန်က ထင်သလောက်မဆိုးခဲ့...။
အရာရာပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တာကြောင့် လမ်းခွဲပေးဖို့ပင် ထယ်ယောင်းမလုပ်ချင်တော့တဲ့အထိ အတ္တကြီးလာမိ၏...။ သို့ပေမယ့် တစ်ဖက်သူက ကိုယ့်ကိုမနှစ်သက်တဲ့အခါ ထယ်ယောင်းဘက်က ဘာတတ်နိုင်မှာတဲ့လဲ...။ ကိုယ့်ဘက်ကစလို့ ချစ်ခင်စုံမက်မှုကို ဖွင့်ဟပြချင်ပေမယ့် အထင်သေးပြီးရွံရှာသွားမှာကိုလည်း ကြောက်မိသည်...။ အစထဲက ကိုယ့်သိက္ခာဆိုတာ သူ့လက်ထဲမှာသွန်လိုရာသွန် မှောက်လိုရာမှောက်ပဲလေ...။
အတွေးတို့အား လက်စဖြတ်ကာ breakfast ပြင်ဆင်ဖို့လုပ်ရသည်...။ နေကောင်းကာစဖြစ်ပေမယ့် အိပ်ယာထဲလှဲမနေချင်တော့...။ ဂျွန့်ကိုလည်းအားနာလှပြီ...။ ညဘက်တိုင်း သားကိုခေါ်သိပ်ရတဲ့ဒုက္ခက မသေးဘူးလေ...။
သားက ဂျီကျတတ်တဲ့ကလေးမဟုတ်ပေမယ့် တစ်ခါတစ်လေအလိုမကျရင် ထကောက်တတ်တဲ့ကလေးပေမို့ နည်းနည်းစိုးရိမ်သည်...။ ဂျွန်က ထယ်ယောင်းလိုမဟုတ်...။ သားကိုချစ်ပေမယ့် အလိုမလိုက်တတ်ဘူး...။ ကလေးကိုမဆူပဲ အမြဲနားလည်လက်ခံအောင်လုပ်ပေးတတ်တဲ့ဂျွန့်ကို ထယ်ယောင်း အထင်ကြီးလေးစားမိပါသည်...။
"ဖေ့ !!"
အနောက်ကနေလှမ်းခေါ်လိုက်တဲ့ သားရဲ့အသံဆာဆာလေးကြောင့် လုပ်လက်စကိုချကာ အနောက်ကိုလှည့်ကြည့်တော့ သားက ဂျွန့်ရဲ့လက်ပေါ်မှာ ချီထားတဲ့အတိုင်းလေး...။ ရာသီဥတုက အအေးဓာတ်လွန်ကဲနေတာကြောင့် ပါးဖောင်းဖောင်းလေးနှစ်ဖက်ဟာ နီရဲလျှက်...။
"နေကောင်းသေးတာလဲမဟုတ်ပဲ ဒါတွေဘယ်သူကလုပ်ခိုင်းလို့ လျှောက်လုပ်နေတာလဲ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
