Part - 6

8.5K 492 57
                                        

(Unicode)

*Bang !!*

ကားတံခါးအား ဆောင့်ပိတ်ပြီးတဲ့နောက်မှာတော့ driver seat ဘက်ကို ဂျောင်ကုဝင်ထိုင်လိုက်သည်...။

cocktail လေးတစ်ခွက်ကြောင့် ခေါင်းမထူနိုင်အောင် မူးရတယ်လို့ မကြားဖူးပေါင်...။ မေမေတို့ရွေးပေးတဲ့ သမက်လောင်းလေးဟာ မိန်းကလေးမဟုတ်ပေမယ့် မိန်းမတွေထက်ဆိုးပါသည်...။ ဒါကြောင့်မို့ သူ့မိန်းမက သူ့ကိုပစ်ထားသွားတာပဲဖြစ်ရမည်...။

ဝူးကနဲနေအောင် ကားကိုဆောင့်မောင်းထွက်ခဲ့ပေမယ့် ဒီတစ်ခါတော့ ဖြေးဖြေးမောင်းပါလို့မပြောနိုင်တော့...။ ကားကူရှင်ကိုမှီကာ မှိန်းနေပုံက တော်တော်ဖြစ်နေသည့်ဟန်...။

သူ့အိမ်ရှေ့ကားရပ်တော့ ညကိုးနာရီထိုးနေပြီ...။
ခါးပတ်အားဖြုတ်ပေးဖို့လက်လှမ်းတော့ သူ့ဆီကနေ ညည်းသံအချို့ကိုကြားလိုက်ရ၏။

"အင်း~~ဟင်းးး !"

ထိုင်ခုံခါးပတ်ဆီသို့လှမ်းနေတဲ့ ဂျောင်ကုလက်တွေ လေထဲရုတ်တရတ် ရပ်တန့်ကုန်သည်...။ ထယ်ယောင်းက ခပ်တိုးတိုးလေးညည်းနေရင်းနဲ့ မျက်စိစုံမှိတ်ကာ ခါးပတ်တွေကိုဆွဲဖြုတ်‌နေသည်...။ ပြီးတော့ ဂျောင်ကုဆက်မကြည့်ရဲတော့...။ ထို့နောက် အင်္ကျီတွေအား ဆွဲချွတ်ဖို့ပြင်နေတာကြောင့် မနေနိုင်‌တော့ဘဲ ကမန်းကတမ်းလှမ်းတားရတော့သည်...။

"ဟေ့~~ခင်ဗျားဘာဖြစ်တာလဲ!!!
အခုပြန်ဝတ်~~‌လျှောက်မလုပ်နဲ့!!!"

အင်္ကျီကိုရင်ဘတ်ထိ ဆွဲလှန်နေတာကြောင့် သူချက်ချင်းပဲ လှမ်းတားလိုက်ရတယ်...။ တကယ်ပဲ ကင်မ်ထယ်ယောင်းနဲ့တော့ ဒုက္ခပါပဲ...။

"အင်းးး~~ပူတယ်
မနေနိုင်တော့ဘူး လွှတ်!!!"

ဖမ်းချုပ်ထားတဲ့လက်နှစ်ဖက်ဟာ အတင်းရုန်းနေတာကြောင့် အားသုံးကာ သူဆွဲချုပ်ထားရတယ်...။ ကိုယ့်အန္တရာယ်ကိုယ်မသိသောသူဟာ ကင်မ်ထယ်ယောင်းပဲဖြစ်တယ်...။

"ပူပါတယ်ဆို ဂျွန်ကလဲ~~ဟင့်!! ကိုယ့်လက်နာတယ်... ဂျွန်က အတင်း အတင်း ကိုယ့်ကိုဆိုရင် ဘယ်တော့မှမငြင်သာဘူး... ဂျွန် ကိုယ့်ကိုမုန်းနေတယ်မလား... ကိုယ့်ကိုမုန်းနေလို့ ဒီလိုလုပ်တာ ဂျွန်က~~ ဂျွန်က~~အင့်"

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang