Part - 2

9.1K 528 22
                                        

(Unicode)

"အင့်~~အင့်~~ဟင့်"

သားအိပ်ပျော်နေတုန်းအောက်ထပ်ဆင်းပြီး နို့ဘူးသွားဖျော်မိတာ အခန်းထဲပြန်ရောက်တော့ သားဟာ ကုတင်ထက်ပက်လက်လေးအိပ်လျှက် တအင့်အင့်နဲ့ အီနေပြန်တယ်...။

"တိတ်ပါသားရယ်~~တိတ်ပါကွယ်"

ကုတင်ဘေးတွင်တစောင်းထိုင်ကာ သားကိုပွေ့ချီလိုက်တော့ ကိုယ်တွေပူနေတာခြစ်ခြစ်တောက်...။ မနေ့ကရေချိုးနောက်ကျသွားလို့ အအေးပတ်ပြီး ဖျားသွားပုံပင်...။

တစ်နှစ်ခွဲအရွယ်နုနုနယ်နယ်လေးမို့ အစစအရာရာလိုက်ဂရုစိုက်နေရသည်...။ တော်ရုံငိုခဲသည့်ကလေးဟာ ထယ်ယောင်းလက်ပေါ်မှာ တအင့်အင့်နဲ့ရှိုက်ကာ အီနေရှာသည်...။ ပါးအိအိဖောင်းဖောင်းလေးနှစ်ဖက်ဟာလည်း အဖျားငွေ့ကြောင့် နီရဲတွတ်လို့နေပြန်တယ်...။ မျက်လုံးပြာလေးတွေဟာ သူ့အဖေနဲ့တူလို့ထင်ပါရဲ့... ငိုထားတာတောင်နီရဲမသွားပဲ အရည်လဲ့ကာ ကြည်တောက်နေသည့် ဖန်ဂေါ်လီလုံးလေးလိုပင်...။

"ဖေဖေ့ကလေးလေးရယ် တိတ်ပါကွယ်
ချိုချိုစို့မယ်လေ~~သားလေး"

မိခင်နို့မဝခဲ့တဲ့ကလေးဆိုပေမယ့် အစစအရာရာ လိုက်ဂရုစိုက်ပေးတဲ့ထယ်‌ယောင်းကြောင့် သားဟာ ဝဝကစ်ကစ်နဲ့လုံးလုံးလေးဖြစ်၏...။ နို့ဘူးလေးအား ပါးစပ်နားတေ့ပေးသော်လည်း အတင်းရုန်းကန်ကာ အီပဲအီနေသည်...။

"အင့်~~အင့်~~"

ချော့မော့ပြီးဆေးတိုက်ဖို့ကလည်း အစာမဝင်ထားတာကြောင့်ဘယ်လိုမှလုပ်လို့မရ...။ အငိုမတိတ်တာကြောင့် သားအားပွေ့ချီကာ ကျောပြင်လေးကိုသပ်ချပေးရင်း ချော့ရပြန်သည်။

*ဒေါက်~~ဒေါက်~~ဒေါက်*

အပြင်ကနေတံခါးခေါက်သံကြားတာကြောင့် သားအားချီထားလျှက်ဖြင့် တွန်းကာဖွင့်ပေးတော့ အိမ်ကအသစ်ခေါ်ထားတဲ့အကူကောင်မလေးပင်...။

" ဘာကိစ္စရှိလို့လဲညီမလေး...??"

ကိုယ့်ညီမအရွယ်လေးမို့ ညီမလေးလို့ခေါ်လိုက်တော့ ကလေးမလေးက လန့်လို့တုန်တက်သွားသည့်ဟန်ဖြင့် သူ့ကိုကြောင်ကြည့်ကာ စကားပြောပုံက ထစ်နေလေသည်။

~~STRING~~ (Completed)Where stories live. Discover now