(Unicode)
သန်မာတဲ့လက်တစ်စုံရဲ့ ဖိချုပ်ခံရမှုကြောင့် ထယ်ယောင်းကိုယ်လေးလှုပ်လို့ပင် မရအောင်ရှိလှသည်...။ ခေါင်းကိုဖိကိုင်ကာအတင်းအကြပ်ပြုမူနေတဲ့ ဂျွန့်ရဲ့ပုံစံဟာ တကယ်ကိုဒေါသထွက်နေဟန်ဖြင့်...။ ဆစ်ကနဲနေအောင်နာကျင်မှုနှင့်အတူ အတွင်းထဲတိုးဝင်လာတဲ့ လျှာဖျားရဲ့နွေးထွေးမှုကြောင့် ထယ်ယောင်းစိတ်တွေ ထိန်းချုပ်ရခက်ခဲလာသည်...။
"အဟင့် !"
ရင်ဘတ်ကိုထုရိုက်နေတဲ့ လက်သီးဆုပ်ကလေးတွေဟာ တဖြည်းဖြည်းအားလျော့လို့လာတာကြောင့် ပိုတိုး၍သာ အဲ့ဒီနှုတ်ခမ်းတွေကို ဖိဖိပြီးနမ်းမိတော့သည်...။ လျှာဖျားအချင်းချင်း ပွတ်တိုက်သံဟာ ကားလေးအတွင်းကြီးစိုးလျှက်...။
အနမ်းတွေကို တုံ့ပြန်လာတဲ့သူကြောင့် နမ်းနေတာကိုချက်ချင်းရပ်ပစ်လိုက်တော့ မျက်ရည်လေးဝဲကာ ဂျောင်ကုမျက်နှာကို ငေးစိုက်ကြည့်လာတဲ့ အဲ့ဒီမျက်ဝန်းညိုညိုတွေ...။ ပါးပြင်နုနုထက်မှာတော့ မျက်ရည်စီးကြောင်းတွေက အခုထက်ထိတိုင်မခြောက်သေး...။
ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ထဲအားဖြင့် ဖက်ချုပ်ထားတာကြောင့် သူ့ခမျာလှုပ်လို့ပင်မရ...။ သိုးမွှေးဆွယ်တာအနီလေးက သူ့အသားအရည်နဲ့ လိုက်ဖက်လွန်းလှစွာ...။ ပါးလျှလျှ နှုတ်ခမ်းတစ်စုံဟာ ဂျောင်ကုလက်ချက်ကြောင့် နီရဲကာရွှန်းစိုပြောင်လက်လျှက်...။
ဂျောင်ကုကြည့်နေတာကိုသိတော့ ချက်ချင်းမျက်နှာတွေ ရဲတက်လာလိုက်တာ...။ ကိုယ်နဲ့အကြည့်ချင်းမဆုံမိအောင် တစ်ဖက်သို့လှည့်သွားတဲ့သူကြောင့် ဖွေးနုနုလည်တိုင်လေးက မျက်စိထဲထင်းလျှက်သား...။ မေးဖျားလေးကနေပင့်ကိုင်ကာ ဂျောင်ကုနဲ့ မျက်နှာချင်းဆိုင်စေတော့ လှုပ်ခတ်လာတဲ့ နှုတ်ခမ်းပါးလေးတွေ...။
"ကိုယ်~~အင့် !!"
စကားသံတွေထပ်ထွက်မလာတော့အောင် ကိုယ့်နှုတ်ခမ်းတွေနဲ့ ချိတ်ပိတ်စေလိုက်ရင်း ဒုတိယအကြိမ် ချိုမြိန်မှုနယ်ပယ်ထဲ တိုးဝင်မိတော့သည်...။
အရင်တစ်ခေါက်ကလို ထုရိုက်ရုန်းကန်ခြင်းမရှိတော့ပေ...။ ပင့်သက်ရှိုက်သံလေးက နားထဲစွဲထင်လျှက်...။ လက်နှစ်ဖက်စလုံးဟာ ဂျောင်ကုရဲ့အင်္ကျီစကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်းမှ ဂျောင်ကုရဲ့အနမ်းတွေကို တုန့်ပြန်လို့လာလေသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
