(Unicode)
မေမေက သူ့သားမက်လေးကိုခေါ်ပြီး လာတွေ့ပါဦးဆိုတဲ့ အမှာစကားကြောင့် ဂျောင်ကုဒီနေ့ကုမ္ပဏီမသွားဖြစ်တော့...။ အတွင်းရေးမှူးဂျောင်ကို ဖုန်းဆက်ပြီးအကြောင်းကြားတော့ အင်တင်တင်ရယ်...။ ကုမ္ပဏီမှာက ဂျောင်ကုမရှိရင်မဖြစ်...။
အတွင်းရေးမှူးဂျောင်က စိတ်ချရတယ်ဆိုပေမယ့် သူ့မှာလည်း နေ့နေ့ညညတစ်စက်မှမအားရ...။ ဂျောင်ကုကတောင်မှ အိမ်ပြန်ရောက်ရင် အမောပြေခိုလှုံစရာ ကမ္ဘာငယ်လေးရှိသေးသည်...။ ကိုယ့်အတွင်းရေးမှူး လူပျိုဟိုင်းကြီးဖြစ်နေရတဲ့ အဓိကတရားခံက ဂျောင်ကုကြောင့်ဆိုလည်းမမှား...။ နောက်လတော့ စိတ်ကျေနပ်အောင် လစာလေးတိုးပေးပြီး ခွင့်ရက်လေးပေးရပါဦးမည်...။ သူလည်း အလုပ်ထဲစိတ်နှစ်နေရတော့ တစ်ခါတလေအပန်းဖြေချင်ရှာမှာပဲ...။
မနက်၈နာရီထိုးခါနီးနေပြီဖြစ်တဲ့အတွက် ဂျောင်ကုအိပ်ယာကနေ ထမှဖြစ်တော့မည်...။ ဒီရက်တွေအတွင်း ဂျောင်ကုအမြဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရသည်...။ အဲ့ဒါကလည်း အနားမှာ ငယ်ရှိနေလို့...။ အတွေးစတို့အား လတ်စသတ်ကာ ရေချိုးခန်းထဲဝင်ဖို့လုပ်ရသည်...။ မဟုတ်ရင်အောက်ထပ်ကနေ တကူးတကကြီး ငယ်လာနှိုးပေးနေရရင် ငယ်ပဲပင်ပန်းနေမှာ...။ သူ့ခမျာ သားအတွက်လည်း မလစ်ဟင်းစေရ...။ ဂျောင်ကုကပါတစ်ခါတလေ ငယ့်အပေါ်ရစ်တာတွေရှိသေးသည်...။
ဘေလ်စင်ပေါ်တင်ထားပေးတဲ့ သွားတိုက်တံလေးကိုကြည့်ပြီး နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့်ဖြစ်ထွန်းရသည်...။ ဂျောင်ကုရဲ့ကလေးအဖေလေးက တကယ်ပဲဂျောင်ကုအပေါ်ကို တာဝန်ကျေတာထက်ကိုပိုသည်...။
မိန်းမယူဖြစ်ခဲ့ရင်တောင် ဒီလောက်ထိ အိမ်ထောင်ရေးရဲ့အရသာကို ခံစားမိမှာမဟုတ်...။ သူနဲ့အနေနီးလာလေ သူ့စိတ်ဓာတ်လေးကို ပိုပြီးလေးစားမိလေပဲ...။ ယောကျ်ားတစ်ယောက်ဖြစ်ပါရက်နဲ့ကို သူများနဲ့မတူ ငယ်ကတစ်မျိုးလေးလှသည်...။ ငိုနေတာလေးကအစ ချစ်ဖို့ကောင်းနေတာမျိုးပေါ့...။ သွားတိုက်နေရင်းမှ ပြုံးမိသည်ကအခါခါ...။ ငယ်က အဲ့ဒီလောက်ထိကို ဂျောင်ကုရဲ့စိတ်အာရုံကို ပြုစားနိုင်တာ...။
.
.
.
.
.
"ဖေ့ ~~မံမံယူဦးမယ် !"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
