(Unicode)
"ဂျွန်..!!"
အင်္ကျီတစ်ဖက်အားဆွဲချကာ ပခုံးစွန်းတွေအား နှာဖျားလေးဖြင့်ပွတ်တိုက်ကာ ကျီစယ်နေတာကြောင့် ထယ်ယောင်းရှက်စိတ်တို့နှင့်အတူ မနေတတ်ဖြစ်နေရသည်...။
"ဘာလဲကွာ~~!! ဘာဖြစ်ရပြန်ပြီလဲ"
နမ်းနေတာကိုခဏရပ်ကာ ပခုံးပေါ်မေးတင်လျှက် သူ့ဆီကစကားသံကို ဂျောင်ကုနားစွင့်နေလိုက်သည်...။
"ဧည့်ခန်းကြီးထဲမှာ မသင့်တော်ဘူးလို့"
"ဒီအိမ်ကြီးထဲမှာ ခင်ဗျားရယ်ကျုပ်ရယ် သားပေါက်စရယ်ပဲရှိတာ... ဘာကိုမသင့်တော်ရမှာလဲ...??"
စကားပြောနေရင်းမှ ခဏခဏငုံ့နမ်းမိသည်...။ ရည်းစားတွေ ထည်လဲတွဲခဲ့ဖူးသလို ခဏခဏလည်း နမ်းတာထက်ပိုပြီး အဆင့်တက်ခဲ့ဖူးပါလျှက် ကင်မ်ထယ်ယောင်းကိုကျမှပဲ သူဒီလိုပြုမူချင်နေခဲ့တာ...။
"ကိုယ်... ကိုယ်မနေတတ်ဘူး"
"ဘာလဲ အိပ်ယာပေါ်ခေါ်သွားစေချင်နေတာလား... ကုတင်ပေါ်ရောက်ရင်တော့ ကျုပ်ကလွှတ်ပေးမှာမဟုတ်ဘူးနော်"
"အင့်~~အဲ့လိုမပြောနဲ့ဆို !"
တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်ကာ ဖျစ်ညှစ်လိုက်တော့ သူ့ဆီကနေအင့်ကနဲအသံလေး ထွက်လို့လာသည်...။ နွေးအိအိခန္တာကိုယ်လေးဟာ ဂျောင်ကုရဲ့ရင်ခွင်ထဲမှာ ဖားပျံလေးလိုပူးကပ်လျှက်...။
"အဲ့လိုမပြောလို့ ဘယ်လိုပြောရဦးမလဲ... တိတ်တိတ်နေကွာ... စကားတွေရှည်မနေနဲ့... ဒီမှာ ဖီးလ်ပျက်တယ်"
အခုအနေအထားက ထယ်ယောင်းဟာ ဂျွန်ရဲ့ပေါင်ပေါ်မှာ ထိုင်လျှက်သားအနေအထားဖြင့်...။ တစ်ကိုယ်လုံးကို သိမ်းဖက်ခြင်းခံထားရတာကြောင့် တွန်းထိုးပြီး လှုပ်လို့ပင်မရ...။ ဂျွန်ကတော့ သူပြောချင်တာပြောပြီးတာနဲ့ အနမ်းတွေကို တဖန်ပြန်ဆက်နေတော့သည်...။
သွားနဲ့တတိတိကိုက်လိုက် လျှာဖြင့်ထိုးကလိလိုက် မျိုးစုံလုပ်နေတာကြောင့် ထယ်ယောင်းမနေတတ်တော့...။ ဂျွန်က မျော့သေလို့ ဝင်စားသလားတော့မပြောတတ်ပါ...။ အသားကို ဖိပြီးစုပ်ယူတဲ့အခါ ထယ်ယောင်းမှာ မထိန်းချုပ်နိုင်ဘဲ အသံတွေထွက်ရတဲ့အထိ..။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
