Part - 25

8K 404 60
                                        

(Unicode)

ထယ်ယောင်းကိုယ်လေးကို စွေ့ကနဲမချီကာ bar တန်းကခုံပေါ်တင်လိုက်တဲ့ ဂျွန်ရဲ့လုပ်ရပ်ကြောင့် ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားဖြင့်...။

မျက်နှာချင်းဆိုင်အနေအထားဖြစ်တဲ့အပြင် ဂျွန့်ရဲ့စူးရှ ပြီးရဲတင်းလွန်းတဲ့ အကြည့်တွေကြောင့် ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးလေးတွေဖြန်းကနဲ..။

"ဂျွန် သားကတစ်ယောက်တည်း !"

"ရှူး !! နှစ်ယောက်ထဲရှိချင်လို့ ခေါ်ထုတ်လာတာလေ... အဲ့ဒါတွေ ခဏမေ့ထားလို့မရဘူးလား"

ကိုယ့်ရှေ့မှာ အူကြောင်ကြောင်ပုံစံလေးနဲ့ မျက်လုံးလေးပေကလပ် ပေကလပ်ဖြစ်နေတဲ့ ကလေးအဖေလေးရဲ့ပုံစံဟာ ဆွဲပြီးဖျစ်ညှစ်ချင်စရာကောင်းလောက်အောင် အသည်းယားဖို့ကောင်းနေသည်...။

ထပ်ပြီးစကားသံတွေထွက်မလာအောင် နှုတ်ခမ်းစိုရဲရဲလေးပေါ်  ကန့်လန့်ဖြတ်အနေအထားဖြင့် လက်ညှိုးလေးတင်လိုက်တော့ ခပ်ဖွဖွလက်သီးဆုပ်လေးတစ်ခုက ဂျောင်ကုရဲ့ရင်ဘတ်ပေါ်သို့ ကျရောက်လို့လာလေသည်...။

"သားကငယ်သေးတယ်လေ ဂျွန်ကလဲ... ကလေးကိုတစ်ယောက်တည်း ပစ်ထားတာမကောင်းဘူးလို့ထင်တယ်"

"ဒါဆို ကျုပ်ကရော!! ကိုယ့်ယောကျ်ားကိုလဲ အချိန်ပေးဦးမှပေါ့... အမြဲတမ်းသားကိုပဲဂရုစိုက်နေတာ ကျုပ်မနာလိုတောင်ဖြစ်လာပြီ "

ခါးကိုသိုင်းဖက်ထားတဲ့ဂျွန့်ရဲ့လက်တွေဟာ တင်းကျပ်စွာ သိပ်သည်းလွန်းလှစွာ...။ မျက်နှာချင်းဆိုင်အနေအထားကြောင့် ဝင်သက်ထွက်သက်တို့က ထယ်ယောင်းရဲ့မျက်နှာကို လာရိုက်ခတ်တဲ့အခါ အနေမတတ်ဖြစ်ရသည်က ထယ်ယောင်းဘက်ကပင်ဖြစ်လျှက်...။

သူနဲ့ကိုယ်ဟာ အရပ်ချင်းယှဉ်လျှင် တန်းတူအနေအထားဆိုပေမယ့် ခန္တာကိုယ်အရွယ်အစားမှာတော့ ဂျွန်က လူကောင်ထွားတော့ ဂျွန့်ရင်ခွင်ထဲ ထယ်ယောင်းဟာမြုပ်ဝင်လို့နေ၏...။

"ဂျွန် !!"

ခါးကိုသိုင်းဖက်ထားရင်းကနေ အနီးဆုံးထိရောက်အောင် ဆွဲကပ်လိုက်တဲ့ ဂျွန်ရဲ့လုပ်ရပ်ကြောင့် ထယ်ယောင်းမှာ လန့်လို့အသံပင်ထွက်ရတဲ့အထိ...။ ခြေထောက်နှစ်ချောင်းရဲ့အလယ်မှာ ဂျွန်က နေရာယူလိုက်ပြီး ထယ်ယောင်းရဲ့နှုတ်ခမ်းတွေကို လက်မနဲ့ခပ်ဖွဖွဖိပွတ်လိုက်တဲ့ အထိအတွေ့ကြောင့် ဘယ်ဘက်ရင်အုံမှပိုင်ဆိုင်မှုက ပိုင်ရှင်ကိုသိနေသည့်အလား...။

~~STRING~~ (Completed)Where stories live. Discover now