(Unicode)
"မင်းဒီပုံစံတိုင်း ဘယ်လောက်အထိ ကြာကြာဆက်နေနေမှာလဲ ဂျောင်ကု... ငါကြည့်နေတာ တစ်ရက်နှစ်ရက်မကတော့ဘူး... ကုမ္ပဏီကို စိတ်မပါပဲသွားတယ်... ပြန်လာတော့လည်း လဒမှိုင်မှိုင်တယ်... ပြတ်နိုင်တာလဲမဟုတ်ပဲနဲ့ ဘာလို့ကိုယ့်ကိုယ်ကို ဒုက္ခပေးချင်နေရတာလဲ...!!!"
လွန်ခဲ့တဲ့နှစ်ရက်က bar ကိုဝုန်းဒိုင်းကြဲရောက်ချလာပြီး မူးကွဲအောင် ပုလင်းထောင်ပြီးသောက်သည်...။ အိမ်ပြန်ပို့ပေးဖို့လုပ်တော့ ပြဿနာတွေရှာနေလို့ ယွန်းဂီအိမ်ကိုပဲခခေါ်လာခဲ့ရတာ...။ အခုတော့ခေါ်လာမိတဲ့သူပဲ နောင်တတွေရချင်ချင်...။
ဂျောင်ကုဟာ ပြဿနာသေးသေးလေးကို ပုံကြီးချဲ့ပြီး ရန်ရှာတတ်လိမ့်မယ်လို့ ယွန်းဂီတစ်ခါမှ မတွေးဖူးခဲ့...။ ရည်းစားတွေထည်လဲတွဲခဲ့ဖူးပေမယ့် ဂျောင်ကုဘက်ကနေ ပြဿနာရှာတယ်ရယ်လို့မရှိ...။ အခုအိမ်ထောင်ကျပြီးကာမှပဲ ယောကျ်ားနဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာရတယ်လို့...။
"ဘာလဲ... မင်းကမင်းအိမ်မှာနေတယ်ဆိုပြီး အခုတော့အသံတွေထွက်နေပြီပေါ့... ကောင်းပြီလေ... ပေးမနေချင်လဲရတယ်... ငါ့ hotel မှာသွားနေလဲ အဆင်ပြေတယ်... မေမေသိမှာကြောက်လို့ ဒီမှာခဏလာနေတာကို မင်းအဆင်မပြေရင်...."
"တော်တော့.... ငါကမင်းကို အဲ့သဘောပြောတာမဟုတ်ဘူး... မင်းအိမ်ထောင်မကျခင် လူပျိုဘဝကလဲဒီလိုပဲ သူ့အိမ်ကိုယ့်အိမ်တစ်လှည့်စီ နေနေကြတာပဲ"
"အခုကကော ငါကဘာဖြစ်နေလို့လဲ!!"
စကားကိုဘုကန့်လန့်ပြန်ပြောတဲ့နေရာမှာ ဂျောင်ကုကတော့ စံပင်ထားရလောက်သည်...။ ယွန်းဂီ၊ နမ်ဂျွန်းနဲ့ ဂျူယောင်းတို့ပြိုင်ပြောရင်တောင် သူ့ကိုနိုင်မှာမဟုတ်...။ သူလက်ထပ်ထားတဲ့ သူ့ယောကျ်ား ထယ်ယောင်း hyung ဆို ဘယ်လောက်တောင်သည်းခံနေရမလဲ...။ ထယ်ယောင်း hyung အစားရင်လေးမိပါရဲ့...။
"အခုကဘာဖြစ်ရမှာလဲ...!! မင်းကိုယ်မင်း လူပျိုလူလွတ်လေးများ ထင်နေသလား... အိမ်မှာမျှော်နေတဲ့သူရှိတယ်လေ... ပြီးတော့ တစ်ယောက်တည်းလဲမဟုတ်... ကလေးငယ်ငယ်လေးလဲ ရှိသေးတယ်... ဒါတွေကအစ ငါကလိုက်ပြောနေရမလား...!!! တစ်ရက်လောက်ပြန်မအိပ်တာက ထားတော့... အခုဟာက တစ်ရက်လဲမဟုတ်၊ နှစ်ရက်သုံးရက်ရှိပြီ... တစ်ဖက်လူစိတ်ပူနေမလား မင်းထည့်စဉ်းစားဦးမှပေါ့"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
