Part - 7

8.1K 480 80
                                        

(Unicode)

လက်ထပ်ပွဲကို Church ကျောင်းမှာ အသိမိတ်ဆွေအချို့နဲ့ သူငယ်ချင်းအချို့ကိုသာဖိတ်ကြားပြီး အကျဉ်းချုံးလုပ်မယ်လို့ ကြိုပြောထားပေမယ့် evening dinner ရှိတယ်လို့ ဒီမနက်မေမေပြောမှ ထယ်ယောင်းသိရသည်...။

ထယ်ယောင်းမှာက ဂျွန့်လို အသိမိတ်ဆွေလည်း တရင်းတနှီးမရှိသလို သူငယ်ချင်းအပေါင်းအသင်းလည်း သိပ်မရှိ...။ အင်္ဂလန်မှာကျောင်းတက်ခဲ့တာဆိုတော့ သူငယ်ချင်းကတစ်ယောက်စ နှစ်ယောက်စလောက်သာရှိသည်...။ ရှိတဲ့သူတွေကလည်း တစ်ယောက်မှအဆက်သွယ်မရ...။

နေ့ခင်း၁၂နာရီမှာ လက်ထပ်ပွဲစမှာဖြစ်တဲ့အတွက် မနက်၉နာရီလောက်မှာ ဂျွန်က ထယ်ယောင်းကို လာခေါ်သည်...။ သားကိုတော့ အိမ်ကကောင်မလေးတွေလက်ထဲ ထိုးထည့်ခဲ့ရသည်...။

ကားပေါ်ရောက်တော့လည်း ဂျွန်က စကားတစ်ခွန်းမှမပြော...။ ထယ်ယောင်းကို မျက်နှာချင်းပင်မဆိုင်...။ မနေ့ညကကိစ္စအတွက် ဂျွန်သူ့ကိုစိတ်ဆိုးနေတာလားပဲ...။ ထယ်ယောင်းဘက်က စကားပြောရင်တောင် ဂျွန်က အင်း,အဲလောက်သာ ပြန်ဖြေသည်...။

Beauty salon ရှေ့ရောက်တော့ ဂျွန်က ကားကိုရပ်ကာ အထုတ်တွေဆွဲလျက် ရှေ့ကနေခပ်သုတ်သုတ်ထွက်သွားတာကြောင့် ထယ်ယောင်းလည်း ဂျွန့်အနောက်ကနေပြေးလိုက်ရသည်...။

နှစ်ယောက်စလုံးဟာ ယောကျ်ားလေးတွေမို့ ထွေထွေထူးထူးပြင်စရာမလိုပေမယ့် ဆိုင်ထဲရောက်တာနဲ့ ဝန်ထမ်းတွေက ထယ်ယောင်းလက်ကိုအတင်းဆွဲကာ အခန်းတစ်ခုထဲခေါ်သွားကြသည်...။ ဂျွန်ကတော့ အပြင်မှာထိုင်စောင့်ရင်းကျန်ခဲ့ပါသည်...။

တစ်နာရီလောက် တစ်ကိုယ်လုံးပေါင်းတင်ပြီးနောက်မှာတော့ ထယ်ယောင်းအသားရည်လေးဟာ နဂိုကထက် ၂ဆလောက်ကြည်တက်သွားတော့၏...။

အခန်းထဲကနေ ပြန်ထွက်ရမယ်ထင်ခဲ့ပေမယ့် hair stylelist နဲ့ make-up stylelist တွေ အသီးသီးအခန်းထဲဝင်ချလာတာကြောင့် ထယ်ယောင်းစိတ်နည်းနည်းရှုပ်သွားရတယ်...။

နဂိုရှိပြီးသားအနက်ရောင်ဆံပင်ကို အညိုရောင်ဖျော့ဖျော့လေး ဆိုးလိုက်တာကြောင့် ထယ်ယောင်းမျက်နှာလေးဟာ နဂိုကထက်ပိုနုသွားသလိုပင်...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang