Part - 18

9.8K 474 28
                                        

(Unicode)

ဂျောင်ကုကသာ စကားတွေပြောနေပေမယ့် တစ်ဖက်လူဆီကနေ တုန့်ပြန်သံမကြားရတော့ စိတ်ထဲထင့်ကနဲဖြစ်သွားရသည်...။ နှစ်ကိုယ်ကြားဆက်နွယ်မှုအား အသာလေးဆွဲဖယ်ရင်းမှ ခန္တာကိုယ်လေးကို ကိုယ့်ဘက်သို့ဆွဲလှန်လိုက်တဲ့အခါမှ အသိစိတ်ကင်းမဲ့နေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်...။

ဖိပိတ်ထားတဲ့မျက်တောင်ဖျားလေးတွေမှာ ငိုထားတဲ့အရှိန်ကြောင့် မျက်ရည်စတို့ဖြင့် ခြောက်ကပ်လို့နေ၏...။ ပါးပြင်နှစ်ဖက်ဟာ ပန်းနုရောင်သန်းကာ အခုထိအရှိန်မပြေသေး...။ အောက်နှုတ်ခမ်းထောင့်ဖက်လေးမှာတော့ ဂျောင်ကုလက်ချက်ကြောင့် သွေးစို့ကာပေါက်ပြဲလျှက်...။

လည်ပင်း၊ပခုံး၊ရင်ညွန့်နဲ့ ရပ်အုပ်ကလေးတွေပေါ်မှာ အနီကွက်လေးတွေက အရောင်ပြောင်းစပြုကာ ဖြူအုသောအသားရည်ထက်မှာ အဖြူရောင်ကင်းဘတ်စပေါ် အရောင်ခြယ်ထားသကဲ့သို့...။

အခုမှ ညကိုးနာရီထိုးပဲရှိသေးသည်...။ သားကိုပစ်ထားခဲ့ရတာဆိုတော့ ကလေးကိုထမင်းကျွေးဖို့လုပ်ရဦးမည်...။ ကလေးအဖေလေးက ကိုယ့်ပယောဂကြောင့်... အင်း ဘယ်လိုပြောရမလဲ ဒီကိစ္စကသူ့ဘက်ကနေ လိုက်လျောခဲ့လို့ နှစ်ဦးသဘောတူဖြစ်ကြတဲ့ ကိစ္စပေါ့လေ...။

အရင်ဆုံး အိပ်ပျော်နေတဲ့သူကို သန့်ရှင်းရေးအရင်လုပ်ပေးရမည်...။ ပြီးမှ သားကိုထမင်းကျွေးဖို့ ပြင်ရမယ်...။ အတူနေတဲ့အချိန်တုန်းက သူ့ဆီကနေ ပထမဦးဆုံးဆိုတဲ့စကားကြောင့် ဂျောင်ကုတော်တော်လေးပျော်သွားခဲ့တယ်...။ အဲ့ဒီကိစ္စတွေနဲ့ပတ်သတ်တိုင်း‌ ဂျောင်ကုဘဝမှာ ဘယ်တော့မှ ပြည့်ပြည့်ဝဝမရခဲ့ဖူးဘူးလေ...။

ပြီးတော့ ဂျောင်ကုက အတူနေတဲ့အခါတိုင်း အမြဲအကာအကွယ်သုံးတယ်...။ ဘယ်တော့မှ ပစ်စလက်ခက်မလုပ်တတ်ဘူး...။ မိန်းမတွေဆီကနေ လုပ်ညည်းသံတွေက ဂျောင်ကုရဲ့စိတ်ကို မဆွပေးနိုင်ဘူး...။

ဒါပေမယ့်...သူ့ဆီကနေထွက်ကျလာတဲ့ အသံသေးသေးလေးကတော့ ဂျောင်ကုရဲ့စိတ်ကို ကျရှုံးစေတဲ့အထိ...။ အကာအကွယ်သုံးဖို့ သူပြောခဲ့ပေမယ့် သူ့ဆီကနေ ပေးအပ်လာမယ့်သာယာမှုကို ပြည့်ပြည့်ဝဝခံစားချင်တာကြောင့်...။ နောက်ပြီး...သူဟာ ကိုယ်တရားဝင်လက်ထပ်ထားတဲ့ ကိုယ့်ဟောကျ်ားဖြစ်နေခဲ့တာရယ်ကြောင့် မလိုအပ်ဘူးထင်လို့...။

~~STRING~~ (Completed)Where stories live. Discover now