Part - 45

9K 373 28
                                        

(Unicode)

မေမေ့ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် တစ်ပတ်ပြည့်တဲ့နေ့မှာပဲ အရင်နေခဲ့သည့်အိမ်အဟောင်းကို ဂျောင်ကုတို့ မိသားစု၄ယောက် ပြောင်းရွှေ့ခဲ့ကြသည်...။ မေမေက လွတ်လွတ်လပ်လပ်နေရအောင် စီစဉ်ပေးတာလည်း တစ်မျိုးကောင်းတာပါပဲ...။ မိဘတွေနဲ့အတူနေရတာ ကောင်းတဲ့အချက်တွေရှိပေမယ့်လို့ လွတ်လပ်မှုကိုသူမခံစားရ...။ အထူးသဖြင့် ဟိုသားအဖက ဒီရက်ပိုင်းတွေမှာ ဂျောင်ကုကို ရှောင်နေတာပဲဖြစ်သည်...။

ကလေးတွေက ဂျောင်ကုအနားကပ်ပေမယ့်လို့ ကလေးတို့အဖေက ဂျောင်ကုနဲ့မျက်နှာချင်းပင်မဆိုင်...။ တစ်ခုခုဆိုအလုပ်အကြောင်းပြနေတာနဲ့ ပြီးသွားတာ...။ ကိုယ့်မှာသူနဲ့လက်ထပ်ထားတယ်ဆိုတဲ့ အသိသာရှိတယ်...။ သူ့ဆီက ယုယမှုနဲ့အကြင်နာတွေက ဂျောင်ကုကျမှပဲ မရနိုင်တော့တာလား မပေးချင်တော့တာလား...။ ကလေးတွေကို မျက်စိရှေ့အောက်အပျောက်မခံ ဂရုစိုက်ပေမယ့် ဂျောင်ကုကိုဆို သူအမြဲလျစ်လျူရှုနိုင်လွန်းသည်...။

အင်းလေ~~ အတိတ်နေ့ရက်တွေမှာ ဂျောင်ကုကပဲ သူ့အပေါ်လွန်ကျူးပြီး နိုင့်ထက်စီးနင်းပြုမူခဲ့ဖူးလို့ဖြစ်မှာပါ....။ သူပြောပုံအရတော့ ကိုယ်ဟာဘယ်တော့မှ မနူးညံ့တတ်တဲ့သူတစ်ယောက်တဲ့...။ နောက်ပြီး အပြောအဆိုကအစ တစ်ဖက်သားအတွက် ထည့်မတွေးပဲ အတ္တကြီးတဲ့သူတဲ့...။ ဒီစကားကတော့ မေမေ့ဆီကနေ ပြန်ကြားခဲ့တဲ့စကားပါ...။ ဟုတ်ချင်လည်းဟုတ်လောက်မှာပါ...။ ဂျောင်ကုကတစ်ခုခုဆို စိတ်မထိန်းနိုင်တဲ့လူစားမျိုးထဲ ပါတယ်ထင်ပါရဲ့....။ အထူးသဖြင့် ကလေးအဖေလေးနဲ့ပတ်သတ်ရင် သူ့စိတ်ကပိုပြီး ရုန်းကြွလွယ်နေတာ...။

"ဂျွန်~~အိမ် အိမ်ရှေ့ရောက်နေပြီ !"

ကားကိုအိမ်ရှေ့မှာထိုးရပ်ပြီး အတွေးလွန်နေတဲ့သူကြောင့် ထယ်ယောင်းကပဲစတင်ပြီး သတိပေးရတော့သည်...။ မနေ့က အိမ်အကူလေးတွေကိုလွှတ်ပြီး အိမ်သန့်ရှင်းရေး လုပ်ခိုင်းခဲ့တာကြောင့် ပြောင်းလာတာနှင့် အဆင်သင့်တက်နေရုံပင်...။ ကလေးနှစ်ယောက်ကတော့ နေရာအသစ် အိမ်အသစ်မို့ ထူးဆန်းနေသည်ထင်ပေမယ့် သားကိုကြည့်ရတာတော့ မှတ်မိနေသလိုမျိုးပါ...။ နှစ်နှစ်ဆိုတဲ့အချိန်ကာလက အရာအားလုံးကို မေ့ပစ်ဖို့လုံမှမလုံလောက်ပဲ...။

~~STRING~~ (Completed)Where stories live. Discover now