(Unicode)
တကယ်တော့ အချစ်ဆိုတာပိုချစ်ရတဲ့သူက ပိုပြီးပူလောင်မှုကိုခံစားရတယ်တဲ့...။ ထယ်ယောင်းကတော့ ပိုချစ်ရတဲ့သူဟာ ကိုယ်ပဲဖြစ်ချင်ခဲ့တယ်...။ ချစ်နေမှတော့ ဒီပူလောင်မှုတွေဟာ ထယ်ယောင်းအတွက်တော့ နွေညမှာဖြတ်တိုက်လိုက်တဲ့ ညှင်းသွဲ့သွဲ့လေထုတစ်ခုသာသာရယ်ပါ...။
ဘဝမှာဒီထပ်ဆိုးတဲ့ ခံစားမှုတွေ၊ နာကျင်မှုတွေလည်း အမျိုးမျိုးကြုံခဲ့ပြီးပါပြီ...။ အမြဲတမ်းအနှိမ်ခံဘဝနဲ့ နေခဲ့ရတဲ့သူပါ...။ အရေးပေးမှုကို လိုချင်ရှာတဲ့သူပါ...။ နွေးထွေးမှုနဲ့ မေတ္တာတရားတွေကို ငတ်မွတ်ခဲ့ရတဲ့သူပါ...။
ထယ်ယောင်းရဲ့ပေးဆပ်မှုတွေက အရာမထင်ခဲ့တာလား...။ မိဘကအစ ကိုယ့်ကိုမလိုအပ်တဲ့အခါ ထယ်ယောင်း ဘယ်သူ့ကိုသွားပြီး အားကိုးရတော့မလဲ...။ ထယ်ယောင်းက အဲ့ဒီလိုအားနည်းပြီး အမှီအတွယ်ရှာချင်တဲ့သူပါ...။ ပျော့ညံ့တဲ့သူတစ်ယောက်မဖြစ်အောင်ကြိုးစားခဲ့ပေမယ့် ကိုယ်တိုင်ပြိုလဲနေခဲ့ရတဲ့သူပါ...။
ထယ်ယောင်းအတွက်တော့ မောင်ဟာ ထယ်ယောင်းနောက်ဆုံးအနေနဲ့ ဖမ်းဆုပ်ထားနိုင်တဲ့ တစ်ခုထဲသော ကောက်ရိုးမျှင်လေးပါ...။ ထယ်ယောင်းဘဝရဲ့ ပထမဦးဆုံးအရာမှန်သမျှဟာ မောင်တစ်ယောက်ထဲအတွက်ပါပဲ...။ ဘယ်လောက်ထိ မောင်အပြစ်တွေလုပ်လုပ် အမြဲခွင့်လွှတ်ပေးချင်နေတဲ့သူပါ...။
အရှက်မရှိတွယ်ကပ်နေရတဲ့ အကြောင်းအရင်းက မောင်နဲ့မခွဲနိုင်လို့...။ ထယ်ယောင်းကို မာနမရှိဘူးလို့ ထင်ချင်ထင်လိမ့်မယ်...။ ဒီမာနတွေကို မောင့်တစ်ယောက်ထဲအတွက်ပဲ ချိုးနှိမ်ထားခဲ့ရကြောင်းတွေ မောင့်ကိုသိစေချင်မိတယ်...။
ပေးတိုင်းပြန်မရတဲ့အထဲ မေတ္တာတရားတွေဟာ ရှေ့ဆုံးကနေပါဝင်တယ်...။ ကိုယ့်ဘက်ကနေ လိုချင်လို့ ဒီမေတ္တာတရားတွေကိုပေးခဲ့တာမျိုးလည်း မဟုတ်ပါဘူး...။ ထယ်ယောင်းပေးတဲ့ မေတ္တာတွေကြောင့် မောင့်ကို နွေးထွေးစေချင်တာလေးတစ်ခုပါပဲ...။ အဲ့ဒီဖမ်းဆုပ်လို့မရတဲ့အရာတွေနဲ့ပဲ မောင့်ကိုချည်နှောင်ချင်မိတာပါ...။ ထယ်ယောင်းမှာ တတ်နိုင်တာဆိုလို့ ဒီတစ်ခုလေးပဲရှိခဲ့တာ...။ ပေးနိုင်တဲ့အရာတွေဆိုလို့ ဒီအရာတွေပဲရှိခဲ့တာပါ...။ ဒါကိုမှ မောင်က မယုံကြည်တဲ့အခါ ထယ်ယောင်းရင်တွေနာရတယ်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
