(Unicode)
မနေ့က သူလုပ်လိုက်တဲ့လုပ်ရပ်ကြောင့် ထယ်ယောင်းညက တော်တော်နဲ့အိပ်လို့မပျော်...။ ဒီနေ့ညနေခင်း မင်္ဂလာဝတ်စုံသွားရွေးဖို့ ဂျွန်က အိမ်ကိုလာခေါ်မည်တဲ့...။ ထယ်ယောင်း ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့...။
ဂျွန်လို့ခေါ်လိုက်တာကို သူကရော ကြိုက်ပါ့မလား...။ ကိုယ့်ဘက်ကနေရင်းနှီးချင်၍ သူ့နာမည်ကို အဖျားဆွတ်ခေါ်လိုက်ပေမယ့် သူက တမျိုးထင်သွားရင်တော့ ခက်ပြီ...။
တကယ်တော့သူ့နာမည်ကို ဂျွန်လို့ တစ်လုံးတည်းခေါ်ရတာကို ထယ်ယောင်းသဘောကျသည်...။ ဂျွန်က ကိုယ့်ထက်ငယ်ပေမယ့် အရာရာကို ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်တယ်...။
အနည်းငယ်တော့ စကားပြောရဆိုရခက်ပေမယ့်လို့ သားကိုကြည်ဖြူပေးတဲ့အချက်လေးကြောင့် ဂျွန်ဟာ လူကောင်းလေးတစ်ယောက်မှန်း ထယ်ယောင်းအကဲခတ်မိပါသည်...။
သဘက်ခါဆိုရင် ထယ်ယောင်းလက်ထပ်ရတော့မည်...။
ဒါ့ကြောင့်ဒီနေ့ထဲက အပ်ထားတဲ့အလုပ်တွေလက်စသပ်နေရသည်...။ မနက်ဖြန်ဒီဇိုင်းအပြီးအပ်ရမှာမို့ ထယ်ယောင်းအလုပ်တွေရှုပ်နေသည်...။ ညနေဘက်လည်း ဂျွန်နဲ့အတူ မင်္ဂလာဝတ်စုံသွားရွေးရမှာ ဖြစ်တဲ့အတွက် အခုထဲက အလုပ်တွေပြီးမှဖြစ်မည်...။
ဂျွန်နဲ့အတူလို့တွေးမိတော့ ခဲတံကိုင်ထားတဲ့လက်လေးက ရုတ်တရက်တုန်ယင်လာကာ အောက်သို့ပြုတ်ကျလေတော့သည်...။
မနက်ပိုင်းကော်ဖီအနည်းငယ် သောက်ခဲ့မိလို့ လက်တုန်တာပဲဖြစ်ပါလိမ့်မည်...။ ထယ်ယောင်းဟာ တစ်သက်နှင့်တစ်ကိုယ် သူစိမ်းယောကျ်ားတစ်ယောက်အကြောင်းကို တစ်ခါမျှ ခေါင်းထဲမထည့်ခဲ့ဖူးပေမယ့် မနေ့ညကစပြီး သူ့အတွေးထဲကို တစ်ယောက်သောသူ အလည်လာပြီးထဲက သူ့စိတ်တွေမတည်ငြိမ်တော့...။
ကော်ဖီတွေသောက်ရင် ရင်တုန်တတ်သလို ဂျွန့်အကြောင်းတွေးမိရင်လည်း ရင်တုန်တတ်သည်...။ နောက်ဆို ရင်တုန်စေတတ်သည့်အရာမှန်သမျှ ထယ်ယောင်းရှောင်မှ ဖြစ်တော့မည်ထင်သည်...။
အလုပ်ထဲစိတ်ပြန်နှစ်ကာ ဆက်လုပ်ပြီးတဲ့နောက်မှာတော့ ညနေ၃နာရီထိုးမှန်းမသိထိုးခဲ့ပြီဖြစ်၏။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
