Part - 31

7.7K 384 70
                                        

(Unicode)

*ဒါလေးနဲ့လိုက်ပါ့မလားမသိဘူး*

*ဒီအင်္ကျီက နည်းနည်းကြီးနေတယ်*

*ဒါကလဲ လည်ပင်းပေါ်နေတယ်မဖြစ်ပြန်ဘူး*

ကုတင်ထက်မှာ ထယ်ယောင်းဖွထားတဲ့အင်္ကျီတွေဟာ အပုံလိုက်ပင်ဖြစ်လို့နေပြီ...။ အခုချိန်ထိ ထယ်ယောင်းစိတ်တိုင်းကျ ရှာလို့မတွေ့သေး...။ လည်ဝိုင်းဆွယ်တာတွေကများတာကြောင့် ထယ်ယောင်းမှာအခက်တွေ့နေသည်...။ မနေ့ညက ဂျွန်ပေးထားတဲ့ အမှတ်အသားတွေက အခုထိမပျောက်ပဲထင်ကျန်နေဆဲမို့ အင်္ကျီဝတ်ရတာ အဆင်မပြေဖြစ်လှသည်...။

သားက ထယ်ယောင်းထားတဲ့အတိုင်း ကုတင်လေးပေါ်မှာ ပုံ့ပုံ့လေးထိုင်လျှက် ထယ်ယောင်းကို ပြူးကြောင်ကြောင်လေး ငေးကြည့်လို့နေသည်...။ ရေချိုးပြီးကာစမို့ ဖွေးတုတ်ကာ ပိုးတုံးလုံးဆန်လုံးဖြူဖွေးလေးတစ်ကောင်လို...။ ဆံပင်ငုတ်စိတိုလေး ညှပ်ထားပေးတာကြောင့် ကြက်ပေါက်စလေးနှင့်ပင်တူနေသည်...။ အဝါရောင် Hoodie လေးကို ဂျင်း pant အတိုလေးနှင့် တွဲဝတ်ပေးထားတာကြောင့် ဂျွန်သာမြင်ရင် ဘယ်လောက်တောင်အသည်းယားလိမ့်မလဲ...။

"ဆန်လုံးလေး ဖေဖေနဲ့ ဒီအင်္ကျီလိုက်ရဲ့လား !"

"အွန်း !"

မျက်မှောင်ကြုံ့ကာ ထယ်ယောင်းကို တစ်ချက်ကြည့်သည်...။ ပြီးတော့ နှုတ်ခမ်းကြီးဆူကာ ခေါင်းပြန်ငုံ့ပြီး လက်တုတ်တုတ်လေးတွေနဲ့ ထယ်ယောင်းအင်္ကျီတွေကိုဆွဲယူကာ သူကပါတစ်ခါ ထပ်ဖွနေသေးသည်...။

ဂျွန့်မေမေဆင်ပေးတဲ့အင်္ကျီတိုင်းက ထယ်ယောင်းရဲ့အကြိုက်တွေပိုများသည်...။ ဆွယ်တာတွေမှအရောင်စုံသလို design ဆန်းတွေကလည်းများသည်...။ shirt အဖြူလေးတွေပင် ဝယ်ထည့်ပေးထားတာကြောင့် ထယ်ယောင်းပိုပြီးသဘောကျမိသည်...။ အရင်တစ်ခေါက်က ဂျွန့်ရှေ့မှာထယ်‌ယောင်းဝတ်မိပြီး အပြောခံခဲ့ရသေးတာကို အခုထိမမေ့ဘူး...။ အဲ့ဒီနေ့က ထယ်ယောင်းဘဝကိုလည်း အပိုင်ယူသွားသေးတာ...။

အင်း...ဒါကလည်း ထယ်ယောင်းကိုယ်တိုင် ပုံအပ်ခဲ့တာလည်းပါသည်...။ ဂျွန်နဲ့ဆိုရင် ထယ်ယောင်းကအရာရာအလျှော့ပေးချင်နေခဲ့မိတာ...။ ကိုယ်အားကိုးရမယ့် ယောကျ်ားတစ်ယောက် ဖြစ်နေလို့လားတော့မသိပါဘူး...။ ထယ်ယောင်းက ဂျွန့်ရှေ့ရောက်တိုင်းအမြဲ မျက်ရည်လွယ်ခဲ့ရတာအကြိမ်ကြိမ်...။ ဒီယောကျ်ားကိုမှတွယ်တာပြီး ဒီယောကျ်ားကိုပဲ မှီခိုချင်တဲ့စိတ်မျိုးလေ...။ ထယ်ယောင်းဘဝမှာ ဒီလိုမျိုးဂျွန့်ကိုချစ်မိသွားလိမ့်မယ်လို့ တစ်ကြိမ်တစ်ခါမှ မတွေးတောခဲ့မိဘူး...။

~~STRING~~ (Completed)Where stories live. Discover now