(Unicode)
ထယ်ယောင်းရဲ့ အသက်ရှူသံတိုးဖွဖွကလေးသည် ကားကလေးအတွင်း ညင်သာစွာလှုပ်ခတ်ပျံ့နှံ့လို့နေသည်...။ မောဟိုက်တုန်ရီနေသည့်ကြားမှ တစ်ချက်တစ်ချက်လှုပ်ခါလိုက်တိုင်း နဖူးကြောတွေထောင်တက်တဲ့အထိ...။ သူ့ဘက်ကပေးအပ်လာသမျှ နာကျင်မှု၊ သာယာမှုတွေကို မခံစားနိုင်ပဲ စိတ်ထဲမှာ ကလေးကိုသာပူပင်နေမိသည်....။
ဒီရတနာကလေးကို လုံးဝထိခိုက်လို့မဖြစ်...။ ဒီကလေးလေး ဖြစ်တည်လာဖို့အတွက် ထယ်ယောင်းဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာ ထယ်ယောင်းကိုယ်တိုင်ပဲသိသည်...။
ပြီးတော့~~ဆေးရုံမှာ ဝေဒနာကိုခံစားနေရတဲ့သားလေး...။ သူဒါတွေဘာမှမသိဘူး~~။ သူသိတာ ထယ်ယောင်းကိုဖျက်ဆီးဖို့ အနိုင်ကျင့်ဖို့ပဲသူ့စိတ်ထဲရှိတာ...။မုန်းချင်တယ် သူ့ကိုစိတ်နာချင်တယ်~~။ မပြတ်သားနိုင်ပဲ ဒီသံသရာမှာပဲနစ်မြောနေမိတဲ့ ကိုယ့်ခန္တာ၊ ကိုယ့်စိတ်ကိုလဲမုန်းတယ်...။ မျက်လုံးတို့အားအတင်းဖိပိတ်ထားရင်း သူ့ဆန္ဒတွေမြန်မြန်ပြီးမြောက်ဖို့ကိုသာ ဆုတောင်းနေမိသည်...။
"အာ့ !"
မျက်ခုံးတန်းတို့အား တွန့်ချိုးကာ ပါးစပ်ကလေးဟလျှက် အသက်ရှူနေရသည့် မောပန်းနွမ်းနယ်နေသည့် မျက်နှာလေးသည် ဂျောင်ကုရဲ့စိတ်ကို ပိုပြီးနှိုးဆွနေသလို...။ ကိုယ့်မျက်နှာကို တစ်စက်ကလေးမျှပင်မကြည့်သည့်အပြင် တစ်ချက်အသံလေးပင်မထွက်ဘဲ တိတ်ဆိတ်နေသည့်သူကို အားမရနိုင်လှစွာဖြင့်...။ အနောက်ဘက်ရပ်ဝန်းကိုဆုပ်ကိုင်ကာ ဆွဲညှစ်တဲ့အခါမှ လက်သီးဆုပ်တစ်ဖက်က ရင်အုံထက် ခပ်ဖွဖွထိတွေ့လို့လာသည်...။
"ကိုယ်ပင်ပန်းနေပြီ !"
မျက်ရည်ကြည်ဥတွေရစ်ဝဲကာ နှုတ်ခမ်းကိုလျှာဖြင့် တစ်ချက်သပ်ရင်းထွက်လာသည့် မောဟိုက်တုန်ရီနေသည့်သူ့အသံကိုက ဂျောင်ကုကို အထိန်းချုပ်တွေမဲ့စေတဲ့အထိ...။ ကင်မ်ထယ်ယောင်းဆိုတာ အဲ့ဒီလိုမျိုးလွှမ်းမိုးနိုင်လွန်းတာ...။
"မောင့်ကိုစိတ်ထဲရှိသေးရဲ့လား"
နဖူးပေါ်ဝဲကျနေသည့် အညိုရောင်ဆံစနုနုကလေးတွေကို သပ်တင်ပေးရင်းမေးတော့ ကိုယ့်ကိုမကြည့်တော့ပါပဲ မျက်နှာလွှဲနေပြန်သည်...။ ဂျောင်ကုအဲ့ဒါတွေမကြိုက်တာ...။ အဲ့ဒီလိုမပွင့်တပွင့် မထုံတတ်တေးလုပ်တာလောက် စိတ်တိုတာမရှိ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
