(Unicode)
သားကိုအိမ်မှာတစ်ယောက်တည်း ထားခဲ့လို့မရတာကြောင့် ကုမ္ပဏီကိုခေါ်ဖို့ပြင်ရသည်...။ အပြင်မှာရာသီဥတုကအေးနေတာကြောင့် အနွေးအင်္ကျီထူထူလေး ဝတ်ပေးလိုက်တော့ ခေါင်းစွပ်လေးထဲမှာ သားကမြုပ်ဝင်လို့နေ၏...။
ကလေးကိုချီကာ အပြင်ထွက်လာတော့ အပြင်မှာနှင်းတွေက အဆက်မပြတ်ကျနေသည်...။ အိမ်မှာက ကားနှစ်စီးရှိပေမယ့် ဂျောင်ကုရဲ့ကားကိုတော့ အိမ်ရှေ့မှာပဲ parkingထိုးဖြစ်သည်...။ ဂိုထောင်ထဲ တစ်ချက်လှည့်ကြည့်တော့ ထယ်ယောင်းရဲ့ကားက ရှိနေသေးသည်...။ ကြည့်ရတာ taxi နဲ့ပြန်သွားပုံပါပဲ...။
သားကိုကားကူရှင်ပေါ်ချပေးကာ ခါးပတ်ပတ်ပေးပြီးနောက် ကားကို ကုမ္ပဏီကိုသွားတဲ့လမ်းကြောင်းပေါ် ဦးတည်လိုက်တော့သည်...။
steering wheel ကိုလှည့်နေရင်းမှ အတွေးတို့က ဟိုရောက်ဒီရောက်...။ စိတ်ဆိုးပြီး အိမ်ကနေထွက်သွားပေမယ့် သူ့မိဘအိမ်မှာတော့ ရှိနေလောက်မှာပါ...။
ဂျောင်ကုသတိထားမိသလောက်ပြောရရင် ကလေးအဖေလေးမှာ အပေါင်းအသင်းဆိုတာလည်း ရှိမယ့်ပုံမပေါ်ဘူး...။ သူ့အလုပ်ကိစ္စရှိမှာသာ တစ်ခါတစ်လေအပြင်ထွက်တာ...။ အဲ့ဒီသူလုပ်နေတဲ့ အလုပ်ကိုလည်း အမြင်မကြည်ဖူးဆိုပေမယ့် တားမရလို့သာ ဒီတိုင်းထိုင်ကြည့်နေရတာ...။
အခုနောက်ပိုင်း ကလေးအဖေလေးရဲ့အကြောင်းကို ဂျောင်ကုပိုပိုပြီး သတိထားမိလာသည်...။ စိတ်လည်းကြီးသလို မာနကလည်းမချ...။ တစ်ခုခုဖြစ်တာနဲ့ သူ့မှာစိတ်ပျော့ပြီး ငိုတတ်ပေမယ့်လို့ မာနလေးကတော့ထောင်လွှားဆဲ...။ ဒါကလည်း အတူနေတာကြာလို့ဖြစ်မှာပါလေ...။ ဘာပဲပြောပြော ၆လပြည့်ရင်တော့ သူနဲ့ကိုယ်က တစ်လမ်းဆီသွားကြရမှာပဲ...။
သံယောဇဉ်မရှိဘူးလားဆိုတော့လည်း မဟုတ်ပြန်...။ သူတို့သားအဖက တကယ့်ကိုချစ်မွှေးပါကြတာ...။ အမှန်တိုင်းပြောရမယ်ဆိုရင် သူနဲ့မဟုတ်ပဲ မိန်းမသာယူဖြစ်ခဲ့ရင် အိမ်ထောင်ရေးသာယာမှာမဟုတ်...။ တစ်ခါတစ်လေ ကတောက်ကဆလေးရှိတတ်ပေမယ့်လို့ ကလေးအဖေလေးက သူတစ်ချက်ချော့လိုက်တာနဲ့ ချက်ချင်းစိတ်ကောက်ပြေတတ်တဲ့သူ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
