Part - 23

8.6K 422 67
                                        

(Unicode)

"ပါး~~ပါး !"

မျက်နှာပေါ်ဖက်ကနဲတင်လာတဲ့ လက်သေးသေးလေးတစ်ဖက်ကြောင့် ဂျောင်ကုမျက်လုံးတွေကို အသာလေးဖွင့်ကြည့်မိသည်...။ ညကသူ့အခန်းထဲကနေ ပြန်လာပြီး သားကိုဆင်းခေါ်ကာ ဂျောင်ကုအခန်းမှာပဲ သားကိုခေါ်သိပ်လိုက်တာဖြစ်သည်...။

"အဟင့်~~ဝါး~~ဝါး !"

"နို့နို့ ချာတယ်"

"ဖေ့ဆီတွားမယ်~~ဟင့် !"

အိပ်ချင်ယောင်ဆောင်ကာ ဘာလုပ်မလဲလို့ကြည့်နေလိုက်တာ...။ သားက တကယ့်အလည်လေး...။ ဂျောင်ကုမျက်နှာကို ပုတ်နှိုးတာမရတော့ ဖင်လေးတွန်းကာ ကုတင်ခြေရင်းကိုသွားနေတာလေ...။

"အဟင့်~~နို့နို့ !"

အောက်ကိုဆင်းချင်နေတဲ့သားကြောင့် အိပ်ယာကနေကုန်းထကာဆွဲပွေ့ယူရင်း ပေါင်ပေါ်တင်လိုက်တော့ အော်ငိုလိုက်တာမှ...။ စိတ်ကလည်း မရှည်တတ်လိုက်တာလွန်ရော...။ ဘယ်သူနဲ့တူလို့ ဒီလောက်ထိစိတ်မြန်နေရသလဲတော့မသိ...။

"ဝါး~~ဝါး~~အင့် !"

ငိုနေရင်းမှ ဂျောင်ကုကိုမော့ကြည့်တဲ့ သားပေါက်စရဲ့မျက်နှာလေးဟာ အသဲယားစဖွယ်...။ မျက်လုံးပြာလေးတွေဟာ ကြည်တောက်နေပြီး ဖန်ဂေါ်လီလုံးကဲ့သို့...။ ပါးဆုပ်ကြီးနှစ်ဖက်ဟာ ဆွဲဖျစ်ချင်စရာကောင်းလောက်အောင် ဖောင်းကားနေ၏...။

"ကျွတ်~~ကျွတ် မငိုရဘူးလေသားရဲ့... ပါပါးလေ... သားပဲ ပါပါးကိုသတိရနေတာဆိုပြီး"

မျက်ရည်တွေလှိမ့်ကျနေတဲ့သားဟာ တော်တော်လေးမှဗိုက်ဆာနေဟန်ရှိသည်...။ ညကထမင်းမကျွေးပဲ ကလေးအိပ်သွားတော့ မနှိုးရက်တာနဲ့ ဒီတိုင်းထားလိုက်တာ...။ ဒီနေ့မှ ဂျောင်ကုကလည်း အိပ်ယာထနောက်ကျသွားတော့ ကလေးကိုပစ်ထားသလို ဖြစ်သွားတာကြောင့် စိတ်လည်းမကောင်း...။

"အင့်~~နို့နို့~~မံမံချားမို့"

"ဟုတ်တာပေါ့ ကလေးက ဗိုက်ဆာနေတာ... ပါပါးက အိပ်ပုတ်ကြီးသွားတယ်ကွာ... မျက်နှာသစ်ပြီးရင် ပါပါးနဲ့ မံမံသွားစားကြမယ်"

မျက်ရည်လေးတွေကို ခပ်ဖွဖွလေးသုတ်ဖယ်ပေးရင်း ကလေးကိုချီကာ မျက်နှာသစ်ဖို့ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်...။

~~STRING~~ (Completed)Where stories live. Discover now