Part - 19

8.8K 452 76
                                        

(Unicode)

Heaven Construction group meeting room

"ဘာပြောတယ် !! ဖြောင်းချန်းဒုံကနေ ဝယ်ဖို့စရံပေးထားတဲ့မြေတွေကို DNA က ဖြတ်လုသွားတယ် ဟုတ်လား !!"

"ဟုတ်~~ဟုတ်ပါတယ် Boss"

မျက်မှောင်ကြီးကျုံ့ကာ ဒေါသတွေထွက်နေတဲ့ Boss ရဲ့ပုံစံကြောင့် meeting တစ်ခုလုံးခေါင်းပင်မဖော်ရဲကြ...။

"တောက် !! ဒါဘယ်လိုဖြစ်ရတာလဲ!! ငါတို့ဘက်ကနေအရင်လက်ဦးထားတဲ့ကိစ္စကို ဒီလိုလုပ်လို့ရရောလား"

"ဒီကပေးတဲ့ဈေးထက် ၂ဆမြှင့်ပေးတဲ့အပြင် ဂျယ်ဂျူဒိုဘက်ကနေ ဝယ်ဖို့လုပ်ထားတဲ့ မြေပိုင်ရှင်ကလည်း စာချုပ်ကိုဖျက်သိမ်းပေးဖို့~~"

စကားကိုဖြတ်ချရင်းမှ မျက်နှာတွေပျက်နေတဲ့ အတွင်းရေးမှူးဂျောင်ကြောင့် ဂျောင်ကုပိုပြီးစိတ်တိုလာသည်...။ ဘာကြောင့် ဆွဲထားသမျှ project တိုင်း တစ်ခုမှအဆင်မပြေဖြစ်နေရတာလဲ...။

"ဆက်ပြောလေ... ဘာလို့ရပ်နေတာလဲ"

"မြေပိုင်ရှင်က စာချုပ်ကိုဖျက်သိမ်းပေးဖို့ တောင်းဆိုလာတယ် Boss... ကျွန်တော်မသင်္ကာလို့ ဆက်စုံစမ်းကြည့်လိုက်တော့ DNA ကို ရောင်းပြီးနေပြီတဲ့"

*ဒုန်း !*

စားပွဲခုံပေါ်ဆောင့်ချလိုက်တဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး အခန်းထဲအပ်ကျသံပင် မကြားရတော့...။ ဖေဖေ့လက်ထက်မှာ ဒီကိစ္စတွေမဖြစ်ဖူးပါပဲ အခုဂျောင်ကုလက်ထက်ကျမှ...။

DNA နဲ့မတည့်ဘူးဆိုပေမယ့် ဒီလောက်အခြေအနေကြီးကတော့ မဟုတ်သေးဘူး...။ ဒါတမင်သပ်သပ်ကျောသွားတာ...။ အောက်တန်းကျတဲ့နည်းနဲ့ တိုက်ခိုက်တဲ့သူကို ဂျောင်ကုက အထင်ကိုမကြီးတာ...။ ဒီလောက်ကိစ္စလေးနဲ့ ကုမ္ပဏီကြီးမပြိုလဲသွားဘူး...။ အေး...ဒါပေမယ့်ဒီကိစ္စက ကျော်ချသွားလို့ရတာမဟုတ်...။

Jeon group ရဲ့ပိုင်ဆိုင်မှုက သူတို့ DNA ကို ၂ခါပြန်လောက်ကို ဝယ်လိုက်လို့ရတဲ့အဆင့်...။ မလောက်လေးမလောက်စား ကုမ္ပဏီကများ ရာရာစစ Heaven ကို လာထိရဲရတယ်လို့...။

"နောက်ထပ် သတင်းတစ်ခုရှိသေးတယ်...
သူဌေးလေး Jeon စိတ်ဝင်စားလောက်မှာပါ"

~~STRING~~ (Completed)Where stories live. Discover now