"မောင့်~~ဟို !
ဘန်ဂလိုကိုတောင်ကျော်သွားပြီ"
ဆုပ်ကိုင်ထားတဲ့လက်ကို ဆွဲဖြုတ်ရင်းအသိပေးတော့ မောင်က ထယ်ယောင်းကိုလှည့်ကြည့်ကာ ပြုံးပြလာလေသည်...။ ညနေခင်းနေဝင်ခါနီး တိမ်ရောင်တောက်တဲ့ ကောင်းကင်ရဲ့အောက်မှာ ပါးချိုင့်တို့ထင်းတဲ့ မောင့်အပြုံးက နူးညံ့ပြီးလတ်ဆတ်လို့နေသည်...။
"ရောက်ပြီလေငယ်~~ သူတို့နဲ့ဝေးဝေးနေချင်လို့... မောင့်အလှလေးကို တခြားသူတွေမြင်မှာစိုးလို့ လူမရှိတဲ့နေရာကိုခေါ်လာခဲ့တာ"
"မောင် !"
ထယ်ယောင်းစကားပြန်ပြောဖို့ပြင်လိုက်ပေမယ့် ဒူးအောက်ကနေ ဆွေ့ကနဲပွေ့ချီခြင်းခံလိုက်ရပြီးနောက် ဆွဲခေါ်ခြင်းခံလိုက်ရတာက ပင်လယ်လှိုင်းလုံးတွေကြားထဲ~~
"ဖလူး~~ဖူး !"
ခန္တာကိုယ်တစ်ခုလုံး ရေထဲနစ်မြုပ်သွားတာဖြစ်ပြီး ရေမွန်းကာ မျက်စိတွေပါစပ်ကုန်တာကြောင့် ရေထဲကကုန်းထတော့ ခါးကိုဆွဲပွေ့ကာ သိုင်းဖက်လာတဲ့ လက်တစ်စုံ...။ ထို့နောက်ထယ်ယောင်းနှုတ်ခမ်းတွေ နွေးထွေးလာရပြီး ခဏအကြာဖိစုပ်ခံရမှုနှင့်အတူ အသက်ရှူတွေပါကြပ်လာသည်...။ အငိုက်မိတုန်းခံလိုက်ရတာဖြစ်ပြီး အခုတော့ကိုယ့်မှာ ရေအောက်ကြမ်းပြင်နှင့် ခြေထောက်တွေလွတ်ချင်ချင်...။ တစ်ချက်တစ်ချက်ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေကြား ခန္တာကိုယ်ကလူးလွန့်နေပေမယ့် မောင့်လက်ဖဝါးတွေထဲမှာတော့ ကိုယ်ဟာအရုပ်ကလေးတစ်ရုပ်လို~~။
"အဟွတ် အဟွတ် ! မောင်မကောင်းဘူး ငယ့်ကို~~! မောင်သိပ်ဆိုးတယ် မောင်လူဆိုးကြီး"
နွေးအိနေတဲ့အောက်နှုတ်ခမ်းလေးကို ငုံထားရာမှ လွှတ်ပေးလိုက်တော့ ရင်ဘတ်ပေါ်ကျရောက်လာသည်က လက်သီးဆုပ်ခပ်ဖွဖွကလေးတွေ...။ ခန္တာကိုယ်တစ်ခုလုံး လှိုင်းပုတ်တဲ့ဒဏ်ကြောင့် စိုရွှဲသွားတာဖြစ်ပြီး မျက်နှာလေးထက်မှာကအစ ရေစက်တို့ဝေ့သီနေတာက နေဝင်ခါနီးပင်လယ်ထဲရေဆင်းချိုးတဲ့ နတ်သားလေးတစ်ပါးလို နုပျိုကာလန်းဆန်းလို့နေသည်...။
"မောင်အသည်းယားမိသွားလို့ပါ"
ပါးအိအိကလေးတစ်ဖက်ကိုဆွဲညှစ်တော့ မျက်ခုံးတန်းတွေစုကျုံ့ကာ နှုတ်ခမ်းလေးတွေပါ ဆူထွက်လို့လာလေသည်...။ ဒီလိုကိုယ့်ကိုအချွဲခံချင်နေခဲ့တာ...။ ဒီအပြုအမူလေးတွေကို အခုမှပဲပြန်ရတော့တယ်...။ သိပ်လှတာပဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 49 (Final)
Start from the beginning
