Part - 49 (Final)

Mulai dari awal
                                        

မျက်နှာနုစင်စင်ကလေးကို သေချာစိုက်ကြည့်လိုက်တော့ ခေါင်းလေးငုံ့သွားတာ ပြန်ကိုဖော်မလာတော့...။အဖြူရောင် ရှပ်အင်္ကျီအစင်းလေးကို short pant အဖြူလေးနှင့် တွဲဝတ်ထားတဲ့ငယ့်ရဲ့ပုံစံက ညနေခင်းဆည်းဆာနှင့် လိုက်ဖက်ညီစွာ...။ ကလေးနှစ်ယောက်ကို ဟိုကောင်တွေလက်ထဲထိုးထည့်ခဲ့ရင်း ရှက်နေတဲ့သူရဲ့အနားကိုသွားကာ မေးဖျားလေးကိုပင့်မော့ပြီး အကြည့်ချင်းဆုံစေတော့ နှုတ်ဖျားကနေထွက်ကျလာတဲ့ အသံတိုးတိုးလေးက ဂျောင်ကုကိုပိုပြီးအသည်းယားစေပါသည်...။ မောင်ကလဲ လူတွေရှိနေတာကိုတဲ့...။ လူတွေမရှိပဲ နှစ်ကိုယ်ကြားဆိုရင်တောင် အမြဲရှက်ရွံ့နေခဲ့ပြီး ဒါလေးပြောတာကိုတောင်မှ~~။

"အဟမ်း~~ငါတို့အရင်သွားနှင့်မယ်
နောက်က လိုက်ခဲ့ကြ"

ရှေ့ကနေထွက်သွားတဲ့သူတွေနောက် အမှီလိုက်ဖို့ လက်ဖဝါးနုနုကလေးကို ဆုပ်ကိုင်လိုက်တော့ ကိုယ့်ကိုပြန်ငေးလာတဲ့ မျက်ဝန်းတွေထက် ရှက်ရွံ့မှုတို့ကအတိုင်းသား...။ ပင်လယ်ဘက်ကို နှစ်ယောက်အတူ လမ်းလျောက်ထွက်ရတာလဲ ရင်ခုန်ခြင်းတစ်မျိုးပါပဲ...။ ကမ်းစပ်မှာရေဆော့နေကြသူနှင့် ညနေခင်းဆည်းဆာအောက် အပန်းဖြေနေတဲ့သူတစ်ချို့ကြောင့် မြင်ကွင်းကရှုပ်ထွေးနေပေမယ့် ပင်လယ်ကတော့ သူ့အလှနှင့်သူစာဖွဲ့ကာ လှပဆဲ...။

"ဖေဖေ့ !"

"ပါး "

ရှေ့ကနေဆောင့်အော်လိုက်တဲ့ သမီးရဲ့အသံလေးကြောင့် လှမ်းကြည့်မိတော့ နှစ်ကောင်သားကြွက်စုတ်လေးပင် ဖြစ်လို့နေပြီ...။ မောင့်သူငယ်ချင်းနမ်ဂျွန်းလက်ထဲမှာ သမီးက မြူးထူးနေတာဖြစ်ပြီး သားကတော့ ယွန်းဂီလက်ထဲက ဘောကွင်းထဲမှောက်ယက်ကလေး ရေကိုတဖြန်းဖြန်း ခြေထောက်တွေနှင့်ရိုက်ကာ ဆော့နေ၏...။ ပင်လယ်ရေက ကြည်လွန်းတာကြောင့် အောက်ဘက်က ကျောက်စရစ်ခဲလေးတွေကအစ ခရုခွံလေးအဆုံးမြင်နေရသည်...။ ရှေ့နားခပ်လှမ်းလှမ်းဆီအကြည့်ပို့မိတော့ ဂျူယောင်းတို့အတွဲရဲ့ အချစ်စမ်းနေမှုကြောင့် ထယ်ယောင်းမျက်နှာလွှဲလိုက်ရသည်...။ လူကြားထဲကိုမှရှက်စရာ...။

"လာ ~~မောင့်နောက်လိုက်ခဲ့
ဒီနေရာကလူရှုပ်တယ်"

အားလုံးဟာသူ့အပျော်နှင့်သူမို့ ထယ်ယောင်းတို့ကို ဂရုစိုက်မိပုံမပေါ်...။ ထယ်ယောင်းငိုင်တွေနေတုန်းရှိသေးသည် မောင်က ထယ်ယောင်းလက်ကိုဆုပ်ကိုင်ကာ ဆွဲခေါ်သွားတာကြောင့် မောင်ခေါ်တဲ့နောက်ပါသွားရပြန်သည်...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang