Part - 49 (Final)

Start from the beginning
                                        

"ရေဆော့ဖို့လာခေါ်တာထင်တယ်... မောင်လိုက်သွားလိုက်လေ... ငယ် ကလေးတွေကို ကြည့်ထားလိုက်မယ်"

"ငယ်ကကွာ လုပ်ပြီ... ဒီကိုလာတာ မောင်တစ်ယောက်တည်း ပျော်ဖို့မဟုတ်ဘူးနော်... ငယ့်ကိုပျော်စေချင်လို့... မောင်တို့နှစ်ယောက်ရဲ့ အချစ်ခရီးလို့လဲ ပြောလို့ရတယ်... ဒါကြောင့် သူစိမ်းမဆန်ပါနဲ့... မောင့်ကိုအလိုလိုက်... သားနဲ့သမီးပါခေါ်ခဲ့... ပင်လယ်ကသိပ်လှတာ... ရေမဆော့မိရင် ငယ်နောင်တရလိမ့်မယ်"

မောင်ကပြောနေရင်းမှ ထယ်ယောင်းလက်ထဲက သမီးကိုပါ ဆွဲပွေ့ယူသွားတာကြောင့် မတတ်သာတဲ့အဆုံး မောင့်နောက်လိုက်ဖို့ ထယ်ယောင်းပြင်ရတော့သည်...။ အမှန်တကယ်တော့ ပင်လယ်ရေတွေကိုမထိချင်...။ အက်စစ်ဓာတ်ပါတာကြောင့် အသားတွေပွန်းပဲ့ပြီး အနာဖြစ်မှာတော့ အကြောက်သား...။ သို့ပေမယ့် မောင်ကလာဆိုတော့လည်း သွားရုံပေါ့...။

"အစ်ကိုက ဒီလိုပုံစံနဲ့သိပ်လိုက်တာ... ကလေးနှစ်ယောက်အဖေလို့တောင် ထင်ရက်စရာမရှိဘူး... နုဖတ်နေတာပဲ... အသားအရည်ကအစ... အိမ်မှာထဲကပြောမလို့ အခုမှသတိရသွားလို့ အဟီး !"

"ဒါတော့ ငါတို့လဲအပြတ်အသတ်ထောက်ခံတယ်... Hyung ကသိပ်လှတာ... ငါတို့ကောင်နဲ့တောင်မလိုက်ဘူး"

အဲ့ဒီဂျူယောင်းဟာလေ ဘေးနားမှာ သူ့ရည်းစားငုတ်တုတ်ကြီးရှိရက်နဲ့  ဂျောင်ကုရဲ့ပိုင်ဆိုင်မှုလေးကို ဝေဖန်နေသေးတာ...။ သူ့ရည်းစား ဂျောင်ဟိုဆော့ဆိုတာလည်း သူပြောသမျှစပ်ဖြီးဖြီးနဲ့...။ သင်းတို့နှစ်ယောက်ဟာ လိုက်လည်းလိုက်ပါပေတယ်...။ ဒီကြားထဲ ဂေါ်မစွံနှစ်ကောင်ကပါ မြှောက်ထိုးပင့်ကော်လုပ်နေသေး၏...။ ကိုယ့်အကြံနဲ့ကိုယ်မို့ လက်သိပ်ထိုးပြီးခေါ်ခဲ့ရတာ တစ်စက်မှအချိုးမပြေကြ...။ စိတ်ရှိတိုင်းပြောလိုက်ချင်ပေမယ့်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်မို့လို့...။ ဒါကိုသင်းတို့ကလည်းသိသည်...။ သပ်သပ် လူကိုတမင်မခံချင်အောင်~~။

"ဒါပေါ့လေ~~ ငါ့ပိုင်ဆိုင်မှုဆိုတော့လဲ မင်းတို့သိတဲ့အတိုင်းပဲ တန်ဖိုးကြီးပြီးထင်ပေါ်တာမဆန်းပါဘူး...  ဟုတ်တယ်မလား ငယ်"

~~STRING~~ (Completed)Where stories live. Discover now