Part - 49 (Final)

Start from the beginning
                                        

Seobin Beach

jeju airport ကနေတစ်ဆင့် လေယာဉ်စီးကာ seongsan-ri ဆိပ်ကမ်းကနေ taxi စီးပြီးနောက် Udo island လို့ခေါ်တဲ့ seobin beach ကို ဂျောင်ကုတို့ ညနေစောင်းမှာရောက်ကြသည်...။ သားကို ဂျောင်ကုချီထားတာဖြစ်ပြီး သမီးက ငယ့်ပခုံးပေါ်မေးလေးတင်လျှက် ခရီးပန်းကာ မျက်နှာလေးကနွမ်းဖျော့လို့နေသည်...။

၅နာရီကြာလေယာဉ်စီးခဲ့ရတာမို့ ကလေးတွေ ပင်ပန်းနေမှာသိပေမယ့်လတ်ဆတ်တဲ့ ပင်လယ်လေနဲ့ထိတွေ့လိုက်ရင်တော့ လန်းဆန်းသွားမှာပါ...။

ပင်လယ်နဲ့အနီးဆုံး resort ကို ကြိုတင် booking ယူထားတာကြောင့် ထိုနေရာသို့ရောက်အောင် တော်တော်လေးလျှောက်ခဲ့ရသေးသည်...။ ယွန်းဂီနဲ့ နမ်ဂျွန်းက တစ်ခန်းနေမှာဖြစ်ပြီး ဂျောင်ကုတို့မိသားစုက သပ်သပ်တစ်ခန်း...။ ပြီးတော့ဂျူယောင်းတို့အတွဲက သပ်သပ်တစ်ခန်း...။

"ငယ်သဘောကျရဲ့လား... မောင်က ဒီနေရာလေးကိုရွေးတယ်ဆိုတာ လတ်ဆတ်တဲ့လေထုနဲ့ ပင်လယ်ရဲ့အလှကိုခံစားချင်လို့... ပြီးတော့ ကလေးတွေလဲ ပျော်သွားအောင်လို့လေ... Seobin က သန္တာကျောက်တန်းတွေပေါတယ်တဲ့... ရေကလဲသန့်တယ်... ပြီးတော့လည်ပတ်စရာလဲ ပေါတယ်လေ"

မောင်က သားကိုချီထားရင်းမှ အခန်းအနေအထားကိုလည်း လိုက်စစ်ဆေးနေသေးသည်...။ ထယ်ယောင်းလက်ထဲမှာတော့ သမီးက ခရီးပန်းကာမှေးလို့နေသည်...။

"မောင်သဘောကျတဲ့အရာမှန်သမျှ ငယ်ကချစ်ပြီးသားပါ... တကယ်တော့ ငယ်လဲ ဒီလိုနေရာလေးတွေ ရောက်ဖူးချင်နေခဲ့တာ"

Vila ဆန်ဆန်ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေက အပြင်ပိုင်းကြည့်တာနဲ့တင် နေပျော်ချင်စရာ...။ ခရီးဆောင် luggage တွေကို မောင်ကနေရာချနေတုန်း အရင်ဆုံးစစ်ဆေးမိသည်က ရေချိုးခန်းနှင့်သန့်စင်ခန်း...။ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့နေရာကိုရွေးထားတာမို့ အဖြူရောင်လိုက်ကာစကို ဆွဲဖယ်ကာကြည့်တော့ ကြည်ပြာရောင်ပင်လယ်နတ်သမီးရဲ့အလှက ညနေခင်းပန်းချီကားတစ်ချပ်လို...။

"ဂျောင်ကုရေ !"

"Hyung !"

အပြင်ကနေထိုးထွက်လာတဲ့ အော်ခေါ်သံတွေကြောင့် အိပ်ချင်နေတဲ့သမီးပါ မျက်လုံးလေးပြူးလာလေသည်...။ မောင့်သူငယ်ချင်းတွေ ရေကူးဖို့လာခေါ်သည်ထင်ပါရဲ့...။ ညနေစောင်းဆိုပေမယ့် နေမဝင်သေးတာမို့ ပင်လယ်ဘက်မှာ ကမ်းခြေပျော်ဇင်ယောလ်ငှက်ရောင်စုံတွေက ကျက်စားနေကြဆဲ...။

~~STRING~~ (Completed)Where stories live. Discover now