အစကတော့ ငယ်နဲ့အတူ နှစ်ယောက်တည်းသီးသန့်သွားမလို့ပါပဲ...။ ကလေးတွေကို မေမေတို့အိမ်ထားခဲ့ပြီး အချစ်ခရီးလေးကို နှစ်ယောက်တည်းဖြတ်သန်းချင်ပေမယ့် ကိုယ့်ချစ်ငယ်က။သူ့ကလေးနှစ်ယောက်ကို စိတ်မချတာသိလို့...။ အဲ့ဒါနဲ့ပဲ ဟိုအရှုပ်ထုပ်တွေကိုပါ စေတနာမပါပဲ မကောင်းတတ်လို့သာ အကြံနဲ့ခေါ်လိုက်ရတာ...။
သင်းတို့က အားနေရင်စပ်ဖြီးဖြီး...။ ယွန်းဂီနဲ့ နမ်ဂျွန်းအဆိုးဆုံးပဲ...။ ဂျူယောင်းသာ ရည်းစားရသွားလို့ သိပ်မကဲတော့တာ...။ မဟုတ်ရင်သုံးယောက်ပေါင်းပြီး ဂျောင်ကုကိုဝိုင်းကြပ်ကြတာလေ...။
"ခရီးက ဝေးလားမောင်~~ ဝေးရင်တော့ ကလေးတွေနဲ့အဆင်မပြေဘူး... ခရီးပန်းလိမ့်မယ်... ဘယ်ကိုသွားမှာလဲ... short trip ဆိုတော့ Jeju လားဟင်"
"သိပ်မဝေးပါဘူး~~ ဟိုရောက်ရင်သိရမှာပေါ့... ငယ်သဘောကျလောက်မယ့်နေရာကို မောင်ကရွေးထားတာ... ငြင်းဖို့မကြိုးစားနဲ့နော်... မောင်အကုန်စီစဉ်ပြီးသားဖြစ်နေပြီ"
မောင်က ဒါဆို ထယ်ယောင်းမသိခင် ကြိတ်စီစဉ်ခဲ့တာပေါ့လေ...။ honeymoon လိုအနေအထားမျိုးကြီးက သိပ်အဆင်မပြေပေမယ့် မောင့်သူငယ်ချင်းတွေပါတော့ အနေရချောင်လောက်မှာပါ...။ တစ်ခုပဲ... မောင့်ကို ထယ်ယောင်းအခုထိ လက်ခံဖို့မရဲသေးတာ...။ မောင့်ဘက်က အဲ့ဒီကိစ္စကိုစကားစတိုင်း အမြဲစကားလွှဲခဲ့ရတာတွေ...။ ဒီတစ်ခေါက်ရော ငြင်းလို့ရပါ့မလား...။ ဘာပဲဖြစ်ဖြစ် သားနဲ့သမီးကိုခေါ်သိပ်မှာပဲဆိုတော့ မောင့်အတွက် ထယ်ယောင်းအနားကပ်ဖို့ အခွင့်အရေးမရှိ...။
"မောင် ဘယ်နေ့သွားမှာလဲဟင်
ငယ်ကြိုပြီးစီစဉ်လို့ရအောင်လို့"
"ဒီနေ့လည်ပဲလေ~~ နှစ်ညအိပ်သုံးရက်ခရီး... အခန်းကိစ္စ၊ လမ်းခရီးကအစ မောင်ကြိုတင် booking လုပ်ထားပြီးသား... ပြောရင်းဆိုရင်း ခြံထဲမှာ ကားသံကြားတယ်... ဟိုကောင်တွေရောက်လာပြီထင်ပါရဲ့... မောင် မျက်နှာသစ်ရေချိုးတော့မယ်... ငယ်လဲအဆင်သင့်ပြင်ထားတော့ ... နေ့လည်မှလာပါဆို ဒီကောင်တွေက သိပ်လောတာပဲ"
မောင်က ပါးစပ်ကနေတတွတ်တွတ်ပြောနေရင်း ရေချိုးခန်းထဲ တန်းဝင်သွားတာဖြစ်သည်...။ ခုနကတော့ သူမဟုတ်တဲ့အတိုင်း ထယ်ယောင်းနှိုးတာတောင် အိပ်ယာထဲကမထတဲ့သူက အခုတော့တက်ကြွတဲ့ကြက်ဖကြီးလိုဖြစ်လို့...။ တစ်ခုခုတော့တစ်ခုခုပါပဲ...။ မောင်ကအခုထိ သိပ်နားလည်ရခက်တုန်း...။ ဇွတ်တရွတ်ဆန်တုန်း....။ အဲ..ထယ်ယောင်းအပေါ် စိတ်မရှည်တာလေးတော့ သူ့မှာမရှိတော့...။ ဒါပေမယ့်လည်း မယုံရတာက မယုံရတာပါပဲလေ...။
.
.
.
.
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 49 (Final)
Start from the beginning
