"ချစ်ရင် နောက်ထပ်သားလေးတစ်ယောက်လောက် ဒါမှမဟုတ်လဲ အမွှာလေးမွေးပေး... သမီးတုန်းက ဂရုမစိုက်ခဲ့ရလို့ ဒီတစ်ခါ အတိုးနဲ့အရင်းပေါင်းပြီး ငယ့်ကိုဂရုစိုက်ပေးချင်လို့~~ နော်"
နွေးအိနေတဲ့ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းတော့ အလိုက်သင့်လေးကိုယ့်လက်ထဲ ညံ့သက်လို့ပါလာသည်...။ ကိုယ့်မေးခွန်းကိုပြန်မဖြေသေးပဲ ငယ်က ဂျောင်ကုအင်္ကျီစကိုဆုပ်ကိုင်ကာ ရင်ဘတ်တွေကို တဖွဖွလိုက်နမ်းပြန်သည်...။ ကိုယ်နမ်းတော့လဲမကြိုက်~~။ ကိုယ့်ကိုပြန်နမ်းတော့လည်း ရင်ဘတ်ကိုမှ~~။ ပြီးတော့မထိတထိ ကလေးအာဘွားပေးသလို...။ အဲ့ဒီလို~~အဲ့ဒီလို လူကိုတပ်မက်ချင်အောင် သိပ်လုပ်တတ်လွန်းတာပါ...။
"ငယ်ကမွေးပေးချင်တာပေါ့ မောင်ရဲ့ ဒါပေမယ့်~~"
"ဒါပေမယ့်~~ဘာဖြစ်လို့လဲငယ်"
ရုတ်တရက်စကားစကိုဖြတ်ချလိုက်ပြီး ဂျောင်ကုမျက်နှာကို ငေးမော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေထက်မှာ ဝမ်းနည်းတတ်တဲ့မိုးရိပ်တို့က ဆင်သည်...။
"ဒါပေမယ့်~~သမီးကိုယူတုန်းက အန္တရာယ်ရှိမှန်းသိသိရက်နဲ့ အရဲစွန့်ပြီးယူခဲ့ရတာ... ဒေါက်တာကပြောတယ် နောက်ထပ် ထပ်ယူမယ်ဆိုရင် လူကြီးရော ကလေးပါအန္တရာယ်ရှိနိုင်တယ်တဲ့... မောင်လိုချင်ရင်~~ ငယ်~~!"
"ဟင့်အင်း~~မောင်မလိုချင်တော့ဘူး... ငယ်ကမောင့်ဘဝ၊ ငယ်ကမောင့်အတွက်အဓိကပဲ... သားနဲ့သမီးရှိနေပြီပဲ... မောင်တို့ပြည့်စုံနေပါပြီ... မောင်က သူများတွေထက်တောင် ကံကောင်းသေးတယ်... ငယ့်လိုအိမ်ထောင်ဖက်မျိုး ရထားတဲ့အပြင် မောင့်သွေးသားလေးကိုပါငယ်က မွေးထုတ်ပေးနိုင်လို့ မောင်တကယ် ကျေးဇူးတင်ပါတယ်"
နဖူးပြင်ထက် ခပ်ဖွဖွဖိနမ်းတော့ ဂျောင်ကုရဲ့အနမ်းတွေကို မျက်လုံးလေးမှိတ်ကာ လက်ခံရှာတဲ့ငယ်...။
"မောင် မျက်နှာသစ်တော့လေ... ၈နာရီခွဲတော့မယ်... ပြီးရင် မေမေတို့အိမ်သွားမှာမလား... အဲ့ဒီမှာတစ်ညအိပ်မလားလို့... ဟိုတစ်လထဲက လာအိပ်ဖို့မေမေက မှာနေတာ"
"မောင် မေမေ့ကိုပြောပြထားပြီးပြီ... ဒီအပတ်ပိတ်ရက် ငယ်တို့သားအဖနဲ့အတူ short trip လေးထွက်မလို့... ဟို၂ကောင်လဲပါမယ်... ပြီးတော့စပ်စလူးမတို့်အတွဲရော.... ငယ်နဲ့လက်ထပ်ပြီးထဲက မောင်တို့ honeymoon မထွက်ဖြစ်ခဲ့ကြဘူးမလား~~ အဲ့ဒါကြောင့်မောင်စီစဉ်လိုက်တာ... သားနဲ့သမီးကိုလဲသဘာဝနဲ့နီးစပ်အောင်လို့"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 49 (Final)
Start from the beginning
