Part - 49 (Final)

Start from the beginning
                                        

မောင့်ပခုံးပေါ်မေးတင်ရင်းမှ မေးစေ့လေးကိုပွတ်သပ်ကာ ချော့မြှူလိုက်တော့ မောင့်လက်တွေက ထယ်ယောင်းရဲ့လက်တွေကို ထပ်လျှက်ဆုပ်ကိုင်လာပြီးနောက်~~~

"ဒါပေမယ့် ငယ်ကအခုထိမောင့်ကိုစိမ်းကားတုန်း... မောင်က ငယ်နဲ့ပတ်သတ်လာရင် ကလေးတွေနဲ့ကအစ သဝန်တိုတယ်... မောင့်ကိုအများကြီးပိုချစ်စေချင်တာ"

အခုနေ မောင့်မျက်နှာကြီး ဆူပုတ်နေမှာသေချာသည်...။ မျက်နှာချင်းဆိုင် အနေအထားရောက်အောင်မောင့်ရှေ့ဝင်ထိုင်တော့ ထယ်ယောင်းထင်သည့်အတိုင်းပါပဲ...။ ရှုပ်ပွနေသည့်ဆံပင်တွေကို လက်ထိုးထည့်ကာမွှေရင်း ထယ်ယောင်းကိုလည်းမကြည့်တော့...။ မောင်က ကလေးတွေနဲ့အပြိုင် ထယ်ယောင်းကိုဆိုးသည်...။ သိပ်ဆိုးသည်...။

"မောင်ကလဲ~~ ငယ်ကမောင့်ကို ကလေးတွေထက်တောင်ပိုချစ်သေးတာပါ... သားနဲ့သမီးအရွယ်က ဂရုစိုက်ရမယ့်အရွယ်လေ... သားကစကားနားထောင်ပေမယ့် မောင့်သမီးက ကဲကဲတတ်"

"ချစ်ရင် နောက်ထပ်သားလေးတစ်ယောက်လောက် ဒါမှမဟုတ်လဲ အမွှာလေးမွေးပေး... သမီးတုန်းက ဂရုမစိုက်ခဲ့ရလို့ ဒီတစ်ခါ အတိုးနဲ့အရင်းပေါင်းပြီး ငယ့်ကိုဂရုစိုက်ပေးချင်လို့~~ နော်"

နွေးအိနေတဲ့ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းတော့ အလိုက်သင့်လေးကိုယ့်လက်ထဲ ညံ့သက်လို့ပါလာသည်...။ ကိုယ့်မေးခွန်းကိုပြန်မဖြေသေးပဲ ငယ်က‌ ဂျောင်ကုအင်္ကျီစကိုဆုပ်ကိုင်ကာ ရင်ဘတ်တွေကို တဖွဖွလိုက်နမ်းပြန်သည်...။ ကိုယ်နမ်းတော့လဲမကြိုက်~~။ ကိုယ့်ကိုပြန်နမ်းတော့လည်း ရင်ဘတ်ကိုမှ~~။ ပြီးတော့မထိတထိ ကလေးအာဘွားပေးသလို...။ အဲ့ဒီလို~~အဲ့ဒီလို လူကိုတပ်မက်ချင်အောင် သိပ်လုပ်တတ်လွန်းတာပါ...။

"ငယ်ကမွေးပေးချင်တာပေါ့ မောင်ရဲ့ ဒါပေမယ့်~~"

"ဒါပေမယ့်~~ဘာဖြစ်လို့လဲငယ်"

ရုတ်တရက်စကားစကိုဖြတ်ချလိုက်ပြီး ဂျောင်ကုမျက်နှာကို ငေးမော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေထက်မှာ ဝမ်းနည်းတတ်တဲ့မိုးရိပ်တို့က ဆင်သည်...။

"ဒါပေမယ့်~~သမီးကိုယူတုန်းက အန္တရာယ်ရှိမှန်းသိသိရက်နဲ့ အရဲစွန့်ပြီးယူခဲ့ရတာ... ဒေါက်တာကပြောတယ် နောက်ထပ် ထပ်ယူမယ်ဆိုရင် လူကြီးရော ကလေးပါအန္တရာယ်ရှိနိုင်တယ်တဲ့... မောင်လိုချင်ရင်~~ ငယ်~~!"

~~STRING~~ (Completed)Where stories live. Discover now