"မောင် ထတော့လေ... ၈နာရီထိုးတော့မယ်... ကြာကြာအိပ်ရင် မောင်ခေါင်းကိုက်နေလိမ့်မယ်... ဒီနေ့ကပိတ်ရက်ဆိုတော့ မောင့်မေမေတို့အိမ်သွားမလား... ဒါမှမဟုတ် သားနဲ့သမီးကို ကစားကွင်းလိုက်ပို့ရင်ရော"
ပိတ်ရက်တိုင်းမောင်က အိပ်ယာကိုနောက်ကျမှ အမြဲထနေကျဖြစ်သည်...။ စောင်ပုံထဲကားယားကြီး မလှုပ်မယှက်အိပ်နေတဲ့သူကိုနှိုးဖို့ စောင်ကိုဆွဲဖယ်တော့ လက်ကိုရုတ်တရက်ဆောင့်ဆွဲခံလိုက်ရပြီး ထယ်ယောင်းကိုယ်လေး မောင့်ရင်ခွင်ထဲရောက်သွားရသည်...။
"မွှေးနေတာပဲကွာ !"
ဂျောင်ကုရင်ဘတ်ပေါ် အိကနဲပြိုကျလာတဲ့ ခန္တာကိုယ်လေးကို ဘေးတစောင်းလှဲချလိုက်ရင်းမှ ပါးအိအိကလေးတစ်ဖက်ကို သူ့နှာခေါင်းတွေနစ်ဝင်တဲ့အထိ နမ်းရှုံ့ပစ်လိုက်တော့ မနက်ခင်းရဲ့လတ်ဆတ်တဲ့လေထုထဲရောပါလာသည့် ချိုအီအီမွှေးရနံ့လေးတစ်ခု...။ ငယ့်ရဲ့ကိုယ်ပိုင်ရနံ့ကလေးဖြစ်ပြီး ဂျောင်ကုတပ်မက်မိတဲ့ တစ်ခုတည်းသော အချစ်ရနံ့လေး...။
"မောင်~~ထတော့လို့"
ခါးကိုတင်းကျပ်စွာ သိုင်းဖက်ခံထားရခြင်းနှင့်အတူ ထယ်ယောင်းမျက်နှာက မောင့်ရင်ဘတ်နှင့်ကပ်ကာ အသက်ရှူပင်မဝချင်...။
"အောက်ထပ်မှာ သားနဲ့သမီးကိုထားခဲ့ရတာ မောင့်ကလေးတွေအကြောင်း မောင်သိရက်နဲ့"
"အဒေါ်ကြီးရှိနေတာပဲကို ငယ်ကလဲ... မောင်ကရော... မောင်ကရော ငယ့်ကလေးလေးဖြစ်ခွင့်မရှိဘူးလား... ယောက်ျားကိုလဲ နည်းနည်းပါးပါးအလိုလိုက်ပါဦး~~ နမ်းတာလေးကအစ ငယ်ကတွန့်တိုတယ်"
မောင်ကချက်ချင်း ထယ်ယောင်းကိုဖက်ထားရာကနေ လွှတ်ပေးရင်းမှ အိပ်ယာထက်ထထိုင်ကာ ထယ်ယောင်းကိုပါ ကျောပေးထားလိုက်သေးသည်...။ ဘာလဲ~~ထူးထူးဆန်းဆန်း ဒါကမောင် ထယ်ယောင်းကိုစိတ်ကောက်ပြတာလား...။ အတိတ်ကိုသတိရပြီးထဲက မောင့်ဘက်ကနေ ထယ်ယောင်းအပေါ် ပြောင်းလဲခဲ့ပေမယ့် နူးညံ့မှုတွေနဲ့ ထယ်ယောင်းဟာနေသားမကျသေး...။
"မောင်ကလဲ~~မောင်က~~ မောင်က~~ ငယ့် အိမ်ဦးနတ်လေ~~ ငယ့်ကိုလွှမ်းမိုးမယ့်သူ ငယ့်ကိုချုပ်ကိုင်မယ့်သူက မောင်တစ်ယောက်ထဲရှိတာသိရဲ့သားနဲ့"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 49 (Final)
Start from the beginning
